( ၈ )

5K 1K 12
                                    

<Unicode>

၁၉.

ထိုသို့ဖြင့် နေ့တိုင်းပင် လင်းဝမ်သည် ပို့စ်ကတ်နှစ်စောင်ကို အမြဲပင် လက်ခံရရှိတော့ချေသည်။ ကျွမ့်ရှန့်ရှန်းကား အလုပ်မရှုပ်တောင် ပို့စ်ကတ်နှစ်စောင် ထားသွားလေ့ရှိသည်။ သို့သော် ကျွမ့်နန် အလုပ်မရှုပ်ဘူးဆိုတာက သာမာန်လူ အလုပ်ရှုပ်သလောက် ရှိသည်။ သို့သည့်တိုင် သူသည် လင်းဝမ်အတွက် လက်ဆောင်လေးများကို အချိန်ယူ လာပို့ပေးတတ်ကာ ရံဖန်ရံခါများတွင် တံခါးခေါက်လျက် အတူတူ ညစာစားဖို့ အကြုံပြုလာတတ်သည်။

အစကမူ လင်းဝမ်အတွက် ထိတ်လန့်စရာ ဖြစ်ခဲ့သော်ငြား အချိန်ကြာလာတာနှင့်အမျှ အကျင့်တစ်ခုလို ဖြစ်လာတော့ချေသည်။ ကျွမ့်နန်ကို မြင်တွေ့ရသည်မှာ အကျင့်တစ်ခု၊ ကျွမ့်နန်ကို နှုတ်ဆက်စကားဆိုရသည်မှာလည်း အကျင့်တစ်ခု၊ ကျွမ့်နန်ရှေ့ ပြုံးရယ်မိသည်မှာကလည်း အကျင့်တစ်ခုပင်။

လင်းဝမ်သည် အရွယ်ရောက်နေပြီဆိုသော်ငြား ထိုကဲ့သို့ နွေးထွေးကြင်နာမှုမျိုး ရရှိတာ ပထမဆုံးအကြိမ် ဖြစ်ပါချေ၏။ စာမူကြမ်းကို အချိန်မှီအဆုံးသတ်နိုင်ရန် လုံးပမ်းရသည်ကတောင် သူ့အတွက် ပျော်ဖွယ်ကောင်းတော့ကာ ကွာလတီလည်း ပိုတိုးတက်လာတော့သည်။

ပို့စ်ကတ်များ ပိုရလေလေ ကြင်နာမှုအပုံကြီးလည်း မြင့်မားလာလေလေပင်။

နှစ်မကူးခင် ရက်အနည်းငယ်မှသာ လင်းဝမ်သည် အလုပ်မများသော ကျွမ့်ရှန့်ရှန်းကို မြင်ရတော့သည်။ သူက လာပြောသည် "ကိုယ့်မိဘတွေက နှစ်သစ်ကူးအတွက် အိမ် အတင်းပြန်လာခိုင်းကြလို့ ပြန်ဦးမယ် လင်းရှန့်ရှန်းရော မပြန်ဘူးလား"

လင်းဝမ်သည် ရုတ်တရက်ပင် စွန့်ပစ်ခံလိုက်ရသလို ခံစားမိသည်။ သူ ကျွမ့်နန်ကို မတွေ့ရရုံတင်မက ပို့စ်ကတ်များပါ မရနိုင်တော့။

သူ ခေါင်းခါကာ ကျွမ့်ရှန့်ရှန်းရင်ခွင်ထဲတွင် ကြောင်လေးတစ်ကောင်ကို မြင်သော် စိုက်ကြည့်နေမိသည်။ ကြောင်လေးသည် လိမ္မော်ရောင်ဖြစ်ကာ လသားအရွယ်သာ ရှိသေးပုံပင်။ အမွှေးများမှာ အရောင်မွဲလျက် ခန္ဓာကိုယ်က ပိန်လှီချုံးကျနေသည်။ ကျွမ့်ရှန့်ရှန်း၏ ရင်ထဲ ငြိမ်ဆိတ်စွာပင် လှဲကာ တုန်ယင်နေချေသည်။

အိမ်နီးချင်းချစ်သူ〖 Completed 〗Where stories live. Discover now