အပိုင်း ၃၀

6.3K 576 160
                                    

Unicode

   ရှောင်ဟန်သည် သူတို့အခုသွားနေတာက ပေကျင်းမြို့ရဲ့ လူသူကင်းမဲ့တဲ့ မြို့အစွန်နားလောက်ကို ရောက်လာတဲ့အချိန်မှာတော့ မနေနိုင်စွာနဲ့ပင် ကျိုးယွင်ဘက်ကို ခေါင်းလှည့်ပြီး မေးမိလေတော့သည်။

"အားယွင်လေး...အားယွင်လေးပြောတော့ ပေကျင်းမှာပဲဆို အခုသွားနေတာက မြို့ရဲ့အပြင်ကိုတောင် ရောက်တော့မယ်...သွားတဲ့​နေရာကမရောက်သေးဘူးလား..."

ကျိုးယွင်က သူ့ကို ပြုံးစစ မျက်နှာအမူရာလေးနဲ့တက်တက်ကြွကြွပြန်ဖြေလာလေသည်။

"ကောကလည်း ရောက်တော့မှာပါ...ရှေ့နားလေးလောက်ဆိုရင်..."

ကျိုးယွင်သည် ပြောရင်းဆိုရင်းနဲ့ သူ့ဘောင်းဘီ အိတ်ကပ်အတွင်းသို့ လက်နှိုက်လိုက်ပြီး အမည်းရောင်ကြိုးစည်း ပုဝါရှည် တစ်ခုကို ထုတ်ယူလိုက်လေသည်။

"ကော...ရောက်တော့မှာဆိုတော့... Surprise ဖြစ်သွားအောင်...ကောမျက်လုံးကို ဒါလေးနဲ့ စည်းပေးချင်လို့ ရမလား..."

ရှောင်ဟန်ကလည်း ကျိုးယွင်လက်ထဲက ပုဝါ မည်းကြီးကို တစ်ချက်ကြည့်လိုက်ပြီး အင်တင်တင်ဖြင့် ပြောလာခဲ့၏။

"ဟို...ပုဝါ မစည်းလည်းရပါတယ်...ကော လုံးဝခိုးမကြည့်ဘူးလေ နော်...ကောကတိပေးပါတယ်...ကောရဲ့မျက်လုံးကို ကြပ်ကြပ်မှိတ်ထားပေးပါ့မယ်...ဒီဟာကြီးက အမည်းရောင်ကြီးဆိုတော့...ကောမကြိုက်ဘူး...မစည်းချင်ဘူး..."

ရှောင်ဟန်၏ ငြင်းဆန်လိုက်သည့် စကားကြောင့် ကျိုးယွင်ရဲ့ မျက်နှာအမူအရာက မသိမသာတစ်ချက်ပျက်သွားလေတော့သည်။

သူ၏အတွင်းစိတ်တစ်နေရာတွင်လည်း လိုချင်တာကို မရလိုက်ဘဲ ငြင်းဆန်ခံလိုက်ရသည့်အတွက်ကြောင့် မခံမရပ်ဖြစ်မိသွားသည်။ဒါက အမှန်တကယ်ပင်...။ ကျိုးယွင်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ပြန်အံ့သြနေမိသည်။

သူ အခုတစ်လော သူ့ရဲ့ စိတ်တွေက အရင်အခါများကလို စိတ် သိပ်မရှည်တော့သလို ခံစားနေရသည်။

အခုနောက်ပိုင်း အရာအားလုံးကို သူ့ရဲ့ စိတ်ရှိတဲ့အတိုင်း ထင်ရာဆိုင်း လုပ်ပစ်ချင်စိတ်များက ပို၍ ပင် ဆိုးဝါးပြင်ထန်လာခဲ့ရသည်။

အရူးညီလေးကမွေးစားအစ်ကိုကိုသိမ်းပိုက်ဖို့ လိမ္မာချင်ယောင်ဆောင်နေတယ်[Ongoing]Where stories live. Discover now