အပိုင်း ၃၁

9.8K 689 101
                                    

 Unicode

ကျိုးယွင်က ရှောင်ဟန်အိပ်နေတဲ့ ကုတင်၏ဘေးတွင် ရပ်လိုက်လေပြီး ခန္ဓာကိုယ်ကို ရှောင်ဟန်ဆီသို့ ကိုင်းညွှတ်လိုက်လေသည်။

သူသည် သူ၏စိတ်ကို အလျင်စလို မဖြစ်စေရန်အတွက် အရင်ဆုံး ဖြေလျော့ထားလိုက်သည်။

ကျိုးယွင်သည် စိတ်ဖြေလျော့ပြီးခဏအကြာတွင်သူ၏လက်တွေနဲ့ ရှောင်ဟန်ရဲ့ မျက်နှာကို  စတင်ပြီး ခပ်ဖွဖွလေးအသာပွတ်သတ်လေတော့သည်။

ပြီးနောက်တွင် သူက ရှောင်ဟန်ရဲ့ မျက်တောင်ခပ်စိပ်စိပ်လေးတွေကို အသည်းယားသည့်ပုံစံဖြင့်
ထိတွေ့ကြည့်လာသည်။

ဒီလူသားက သူ့ရဲ့ အပိုင်ဆိုတာ သေချာနေပေမဲ့... သူ အခုထိမယုံရဲသေးဘူး...

အခုသူလုပ်နေတာက လက်တွေ့လား... အိမ်မက်ဆိုတာလားတောင်...မသည်းကွဲတော့ဘူး...
သူ...ကော အပေါ်မှာထားတဲ့ သူ့ရဲ့စိတ်သဘောထားကိုဘယ်လို သတ်မှတ်ရမှာလည်း သူ မသိသေးဘူး...

သူသိထားတာက ကောကို ပိုင်ဆိုင်ချင်တယ်ဆိုတာပဲ...

သူ ရှောင်ဟန်ကောကို ရယူပိုင်ဆိုင်ချင်သည်...
တစ်ဘဝစာလုံး...တစ်သက်လုံး...နောက်ဘဝဆိုတာရှိရင် နောင်ဘဝတွေအထိ

သူ ရှောင်ဟန်ကောကို သူပိုင်ဆိုင်သမျှ အရာတွေထက်ပိုတန်ဖိုးထားသည်။

သူ..ကောကို တန်ဖိုးထားတယ်ဆိုတာက အမှန်တရားတစ်ခုဖြစ်နေပေမဲ့ ...

အဲ့ တန်ဖိုးထားတဲ့ အရာကို ဒီအတိုင်းထိုင်ကြည့် အလှသိမ်းထားဖို့တော့ သူ့မှာစိတ်ကူးမရှိခဲ့ဘူး...။

တန်ဖိုးထားလို့ မထိရက်ဘူးလို့ပြောကျတဲ့ လူတွေရဲ့စကားက သူ့အတွက်တော့ လုံးဝ အပ်စပ်မနေပါချေ။

သူ့အတွက်ကတော့ သူတန်ဖိုးထားတဲ့ အရာကို ကိုယ်တိုင်တော့ ထိခွင့် ရယူခံစားခွင့်ရှိတယ်လို့ သတ်မှတ်ထားတာဖြစ်သည်။
ဒါက အခြားသူကို ထိခွင့်ပေးလိုက်တာမျိုးမှ မဟုတ်ဘဲ...

သူကိုယ်၌ကတော့ ကြိုက်သလို ထိတွေ့ကိုင်တွယ် ခြယ်လှယ် ခွင့်ရှိသည်။

ရှောင်ဟန်ဆိုတာ သူ့အတွက်ဖြစ်တည်လာခဲ့တာ...

သူတစ်ယောက်တည်းကသာ သက်ဆိုင်သည့် ပိုင်ဆိုင်မှု တစ်ခု...

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now