Episode ♥ 7 ♥

1.6K 70 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 7 ♥

"မင်း ဘယ်​သူလဲ"
အမိန့်​ဆန်​စွာ ထွက်​​ပေါ်လာသည့်​အသံ​ကြောင့်​ မယ်​​ကြောင်​အမ်းအမ်း​လေးဖြစ်​သွားကာ ဘာမှမ​ဖြေမိ
ထိုချိန်​ ​ဒေါ်​မေခင်​ ချုန်းတို့အနား​ရောက်​လာကာ
"ပြန်​လာပါပြီလားသခင်​​လေး"
မေခင့်​အသံကြားမှ ချုန်းထို​ကောင်​မ​လေးအား လွတ်​​ပေးလိုက်​သည်
ချုန်း အင်္ကျီအားတစ်​ချက်​ဆွဲချလိုက်​ပြီး ​မေခင့်​ဘက်​လှည့်​လိုက်​၏
"​မေခင်​ သူကဘယ်​သူလဲ"
မေခင်​ ဦးညွတ်​လျက်
"သူက သခင်​​လေးအတွက်​ သခင်​မကြီးတို့စီစဉ်​​ပေးထားတဲ့ မိန်းက​လေးပါ"
"ဘယ်​လို"
မယ်​ ​ကြီး​မေအ​ဖြေအား နားမလည်​​သော​ကြောင့်​ ​ခေါင်း​လေးကုတ်​လျက်
💭အခိုင်းအ​စေဆိုပြီး​နေတာကို ဒီ​ရောက်​ကထဲက ထူးဆန်းတာ​တွေပဲကြုံ​နေရတယ်
ပြီး​တော့ သခင်​​လေးဆိုတဲ့လူကလဲ ရက်​စက်​မယ့်​ပုံကြီး အဲ့​နေ့ကငါဆိုတာသူသိသွားခဲ့ရင်​ ငါ့ကိုသတ်​မလားပဲ
ငါဘာလို့လျှာရှည်​မိခဲ့တာပါလိမ့်
ပြီး​တော့ ....💭
မယ်​ ကိုယ့်​နှုတ်​ခမ်းကို ပြန်​စမ်းမိလိုက်​သည်
ထို့​နောက်​​ခေါင်းကိုယမ်း၍
💭ဟင့်​အင်း မဖြစ်​ဘူး အဲ့​နေ့က ဆိုင်​မှာ​တွေ့ခဲ့တာ ငါမှန်းအသိ​ပေးလို့မဖြစ်​ဘူး
တော်​ကြာ မဆင်​မခြင်​သူ့ကိုထိလို့ဆိုပြီးသတ်​​ခံ​နေရမယ်​💭

မေခင့်​စကား​ကြောင့်​ ချုန်း​ရှေ့မှာရပ်​​နေသည့်​ ​ကောင်​မ​လေးအား ကြည့်​လိုက်​ပြီး
မျက်​ခုံးတို့တွန့်​ချိုးသွားရသည်
"​မေခင်​ ဒီက​လေးမက အသက်​​တောင်​ပြည့်​​ပြီးရဲ့လား ကျစ်​!!!!!!ဖွားဖွားက​တော့"
ချုန်း​ပြောလိုက်​​တော့ မယ်​ သခင်​​လေးဆိုသည့်​လူအားကြည့်​လိုက်​ပြီး
"မယ်​ အသက်​ပြည့်​ပြီးပါပြီ ခု၁၉နှစ်​ထဲမှာ"
မယ်​ ပြန်​​ပြောလိုက်​​သော​ကြောင့်
"တိတ်​စမ်း သခင်​​လေးကိုဘယ်​လိုပြန်​​ပြောရဲတာလဲ"
မယ့်​နံ​ဘေးက ကြီးခင်​​ဟောက်​လိုက်​​သော​ကြောင့်​ မယ်​​ခေါင်း​လေးငုံ့လျက်
ခဏ​လောက်​​နေ​တော့ ထိုသခင်​​လေးဆိုသူက အ​ခန်းထံသွား​လေသည်
မယ်​ ရပ်​ကာကြည့်​​နေမိစဉ်
"ဘာကြည့်​​နေတာလဲ သခင်​​လေးလိုအပ်​တာစီစဉ်​​ပေးလိုက်​​လေ"
"ရှင်​"
"မင်းတာဝန်​ကဒီ​နေ့ကစပြီ"
"ဟုတ်​"
မယ်​ ဘာမှပြန်​မ​ပြောနိုင်​စွာ ​ခေါင်း​လေးငုံ့လျက်​ သခင်​​လေးအခန်းသို့ ဝင်​သွားရသည်
ဂျောက်
တံခါးဖွင့်​သံ​ကြောင့်​ ချုန်းnecktieကိုဖြုတ်​ရင်းမှလှမ်းကြည့်​လိုက်​မိသည်
ခုနက က​လေးမ ​ခေါင်း​လေးငုံ့လျက်
ချုန်း အနားကလင်းအားထွက်​သွားရန်​မျက်​ရိပ်​ပြလိုက်​သည်
လင်းထွက်​သွားသည်​ထိ ထိုက​လေးမက ​ခေါင်း​လေးငုံ့​နေလျက်​သား
"မင်းနာမည်​ဘယ်​လို​ခေါ်လဲ"
"ရှင်​"
"ငါ စကားနှစ်​ခွန်းနှစ်​ခါ​ပြောရတာမကြိုက်​ဘူး"
"နတ်​မိမယ်​ပါ"
"နတ်​...မိ...မယ်​"
ချုန်းတစ်​လုံးချင်း​ရေရွတ်​လိုက်​ပြီး ထို​ကောင်​မ​လေးထံ​ခြေတစ်​လှမ်းချင်းတိုးကပ်​သွားလိုက်​ပြီး

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now