Episode ♥ 30 ♥

2.1K 82 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕


မီ နိုးလာ​တော့နိုး​နေပြီဖြစ်​​သောတန်းရင်​ခွင်​ထဲဝင်​လိုက်​ပြီး
"တန်း ဘာ​တွေ​တွေး​နေတာလဲ"
တန်း မီနဖူး​လေးအားနမ်းရှိုက်​လိုက်​ပြီး
"ကိုယ်​​တွေး​နေတာ ကိုယ်​လုပ်​​နေတာ​တွေမှန်​​ကောမှန်​ရဲ့လားလို့"
"ဘာကိုလဲ"
"ကိုယ်​ခုလိုလုပ်​တာ ချုန်းအ​ပေါ်သစ္စာ​ဖောက်​သလိုဖြစ်​​နေတယ်​ ချုန်းကကိုယ့်​အရင်းနှီးဆုံးသူငယ်​ချင်း"
တန်းစကား​ကြောင့်​ မီ အဝတ်​မဲ့​နေ​သော တန်းရင်​ဘတ်​အားလက်​တင်​ကာ တို့ထိလျက်
"တန်းအမှားမဟုတ်​ပါဘူး မီအမှားပါ မီ​တောင်းပန်​ပါတယ်​"
မီ ​ခေါင်း​လေးငုံ့ကာဆိုလိုက်​လျှင်
"မဟုတ်​ဘူး မီ ကိုယ်​ဆိုလိုတာက...."
"မီ​ကြောင့်​တန်းစိတ်​ညစ်​ရပြီ"
"ကိုယ်​ချုန်းအ​ပေါ်အပြစ်​ရှိသလိုခံစားရရုံပါ မီ့အမှားမဟုတ်​ပါဘူး"
"........."
"ကိုယ့်​အတွက်​ မင်းကအရာအားလုံးထက်​အ​ရေးကြီးတယ်​ မီ"
"​ကျေးဇူးတင်​ပါတယ်​ တန်း မီကိုချစ်​​ပေး​လို့"
မီ တန်းရင်​ခွင်​ထဲက​နေ မျက်​နှာမဲ့မိလိုက်​သည်
💭ငါနင့်​ကိုလိမ်​မိလို့​တောင်းပန်​ပါတယ်​တန်း
ငါ့မှာ​ရွေးချယ်​စရာမရှိလို့ပါ
ငါ့အ​သွေးအသားကို နင့်​အတွက်​​ပေးဆပ်ထားတာပဲ
နင့်​အတွက်​မျှတမှာပါ💭

တန်း ပြန်​သွားလျှင်​ မီ ​ရေချိုးလိုက်​ပြီး
ဖေ​ဖေ့ထံဖုန်းဆက်​လိုက်​မိသည်
"ဟဲလို ​ဖေ​ဖေ"
"........"
"သမီးအတွက်​ လူတစ်​​ယောက်​ကိုရှင်း​ပေးနိုင်​မလား"
".........."
"ထိပ်​တန်း"
ဖုန်းချပြီး​တော့
မီ အပြင်​ဘက်​ကိုရီ​ဝေစွာတစ်​ချက်​​ငေးကြည့်​ကာ
"​တောင်းပန်​ပါတယ်​တန်း ငါ့​ပေါ်ကိုနင်​ကအ​နွေး​ထွေးဆုံးလူပါ ဘယ်​သူမှငါ့ကိုဂရုမစိုက်​တဲ့အချိန်​ နင်​ရယ်​နန်းရယ်​ပဲ ငါ့ကိုဂရုစိုက်​​ပေးတယ်​ ဒါ​ပေမယ့်​တန်းရယ်​ ငါနင့်​ကိုမချစ်​နိုင်​ဘူး ငါ့ရင်​ထဲမှာချုန်းတစ်​​ယောက်​ပဲရှိတယ်
ချုန်းကိုပိုင်​ဆိုင်​ရဖို့အတွက်​ ငါအရာအားလုံးနဲ့လဲလှယ်​နိုင်​တယ်
ငါသိတယ်​ နင်​ကအရမ်းစိတ်​​ပျော့ညံ့တယ်​ဆိုတာကို နင်သာငါ့လျှို့​ဝှက်ချက်​​တွေမသိခဲ့ဘူးဆိုရင် ​ငါလည်းနင့်​အ​ပေါ်ရက်​စက်​မိမှာမဟုတ်​ဘူး ​ကောင်း​ကောင်းသွားပါ တန်း"
မီ ​ပေါက်​ခနဲကျလာ​သောမျက်​ရည်​စက်​များအား လက်​ညှိုးဖြင့်​သုတ်​လိုက်​​လေသည်

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now