Episode ♥ 22 ♥

1.3K 51 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 22 ♥


"မင်းမှာ​ရွေးချယ်​စရာတစ်​ခုပဲရှိတယ်​ ငါတို့ကို​ရွေးချယ်မယ်​​ဆိုရင်​နန်းထိပ်​ထားနဲ့လက်​ထပ်​လိုက်​ပါ"
"ဖွားဖွား......."
"အဲ့​ကောင်​မ​လေးကို ​ရွေးချယ်​မယ်​ဆိုရင်​ငါတို့ကိုဂရုမစိုက်​နဲ့​တော့"
ချုန်း သက်​ပြင်းကိုချရင်း
"ဖွားဖွားတို့လိုချင်​တာဒါလား ရတယ်​"
ဒေါ်အမရာ ​မြေးဖြစ်​သူအား​မော့ကြည့်​လိုက်​ပြီး
"မင်းဘာကို​ပြောတာလဲ"
"ကျွန်​​တော့်​အတွက်​ဖွားဖွားတို့ကအ​ရေးကြီးသလို မယ်​ကလဲကျွန်​​တော့်​အသက်​ပဲ ဖွားဖွားတို့ကြိုက်​ရာလုပ်​ပါ ဒါ​ပေမယ့်​ မယ်​ကိုဒီစံအိမ်​မှာပဲဆက်​ရှိ​နေ​စေရမယ်​"
ချုန်းအခန်းထဲက လှည့်​ထွက်​ပြီး သူမရှိရာထံသို့

မယ်​ အခန်းထဲဂနာမငြိမ်​စွာဖြင့်​ အ​ခေါက်​​ခေါက်​အပြန်​ပြန်​လမ်း​လျှောက်​​နေမိသည်
တံခါးဖွင့်​ကာ ဦးချုန်းဝင်​လာခဲ့​တော့ မယ်​ဦးချုန်းထံ​ပြေးသွားလိုက်​ပြီး
"ဦးချုန်း"
ချုန်း သူမ​လေးအားဖက်​လိုက်​မိသည်
"ဦးချုန်း သခင်​မကြီးဘာမှမဖြစ်​ဘူးမလားဟင်​"
ချုန်း သူမပုခုံးအားကိုင်​ကာ
"မယ်​ ကိုယ်​​တောင်းပန်​ပါတယ်​"
"ဟင်​"
"ဖွားဖွားက ကိုယ့်​အတွက်​မိဘလိုပဲ ကိုယ်​သူ့အသက်​နဲ့​လောင်း​ကြေးမထပ်​ရဲဘူး .....ကိုယ်​မင်းကိုမ​ရွေးချယ်​တာမဟုတ်​ပါဘူး အချိန်​ခဏ​လောက်​လေး​ပေးပါ ဖွားဖွား​နေ​ကောင်းတာနဲ့....."
မယ်​ ဦးချုန်းနှုတ်​ခမ်း​ပေါ်လက်​ညှိုး​လေးတင်​လိုက်​၍
"မယ်​ နားလည်​ပါတယ်​ဦးချုန်း"
ချုန်း သူမအားရင်​ခွင်​ထဲထပ်မံ​ဆွဲသွင်းလိုက်​ပြီး
"ကိုယ့်​ကိုနားလည်​​ပေးလို့​ကျေးဇူးပါပဲ"
"ဒါ​ပေမယ့်​ ဦးချုန်းမယ့်​ကို ကတိ​ပေးရမယ်​"
"အကုန်​​ပေးတယ်​"
"မယ်​ သ​ဘောထားကြီး​ပေးနိုင်​​ပေမယ့်​ မယ်​သဝန်​တိုတယ်​ထပ်​ပြီးတခြားမိန်းက​လေး​တွေနဲ့ မ​နေရဘူး ဦးချုန်းရဲ့​စေ့စပ်​သူအပါအဝင်​​နော်​"
"အဟွန့်​....."
ဦးချုန်း ရီသံ​ကြောင့်​မယ်​မလုံမလဲဖြင့်
"ဘာရီတာလဲ"
"​ကောင်​မ​လေးတစ်​​ယောက်​အရမ်းသဝန်​တို​နေလို့​လေ"
မယ်​ ဦးချုန်းရင်​ဘတ်​အားလက်​သီးဆုပ်​ဖြင့်​ထုလျက်
"ဘာလဲ မ​ပေးနိုင်​ဘူးလား"
"အဲ့ကတိက ကိုယ်​ပေးစရာမှမလိုတာ ကိုယ့်​ရဲ့အရာအားလုံးမင်းကိုအပိုင်​​ပေးထားပြီးသား​လေ"
"ပြီး​ရော"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now