Episode ♥ 16 ♥

1.5K 49 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 16 ♥

ကလျာ နံ​ဘေးက ​ကောင်​​လေးလက်​ကိုတွဲကာ Shopping Mallကြီးထဲ​လျှောက်​ကြည့်​​နေရင်း
"​မောင်​ ကလျာ ဟိုအင်္ကျီ​လေးကြိုက်​တယ်​"
"ကလျာကြိုက်​ရင်​ ဝယ်​​ပေါ့"
"​မောင်​ဝယ်​​ပေးမှာလား"
"ကလျာ​လေးလိုချင်​ ဝယ်​​ပေးမှာ​ပေါ့ကွာ"
"အာ့မို့​မောင့်​ကိုချစ်​ရတာ"
ကလျာတို့အင်္ကျီဆိုင်​ထဲ ဝင်​သွားလိုက်​ပြီး ထိုအင်္ကျီ​လေးအားကြည့်​လိုက်​​တော့ ​ဈေးကိုကြည့်​ကာ မျက်​လုံးပင်​ပြူးထွက်​သွားရသည်
"အင်္ကျီတစ်​ထည်​က ဒီ​လောက်​​ဈေးကြီးလား"
နံ​ဘေးက ချစ်​သူကတအံ့တသြ​ပြောလိုက်​​လေ၏
ကလျာက​တော့ ထိုအင်္ကျီအားသ​ဘောကျ​နေစွာ
"​မောင်​ကလည်း အင်္ကျီကိုလဲကြည့်​​လေဒီ​လောင်​​ကောင်း​နေတာ ကလျာလိုချင်​တယ်​"
"​မောင့်မှာ အဲ့​လောက်​ပိုက်​ဆံမကျန်​​တော့ဘူး ​နောက်​မှ​ဝယ်​​ပေးမယ်​​လေကွာ​နော်​"
ထို​ကောင်​​လေးက ကလျာအားဆွဲကာ​ခေါ်ရင်း
"​မောင်​!!!!!"
"လာပါကွာ​နော်​"
"​မောင်​​ပြော​တော့သူ​ဌေးပါဆို ခု​တော့အင်္ကျီတစ်​ထည်​​လေး​တောင်​မဝယ်​​ပေးနိုင်​ဘူး"
"ကလျာ.....အဲ့လိုမဟုတ်​!!!"
"ရှင်​နဲ့ကျွန်​မပြတ်​ပြီ"
"ပြတ်​ကွာ ငါလဲမင်းလို​ငွေမက်​တဲ့မိန်းမကိုမတွဲချင်​​တော့ဘူး"
"ဘာ!!!!!!"
ကလျာ ဆိုင်​ထဲမှာကျန်​​နေခဲ့ရင်း လက်​ထဲကအင်္ကျီ​လေးအားဝယ်​သင့်​မဝယ်​သင့်​စဉ်းစား​နေစဉ်
အ​ရောင်းစာ​ရေးမ​လေးက
"ဧည့်​သည်​ ဒီအင်္ကျီကယူထားပြီးသားပါ"
"ဟင်​"
"တကယ်​လို့ဧည့်​သည်လိုချင်​ရင်​ တခြားဒီဇိုင်း​တွေပြ​ပေးပါ့မယ်​"
"မလိုဘူး"
ကလျာ လက်​ထဲကအင်္ကျီ​လေးအားကမ်း​ပေးကာ ဆိုင်​ထဲကထွက်​လာခဲ့သည်

"ဟိုအင်္ကျီမကြိုက်​ဘူး"
သြဇာအပြည့်​နဲ့ အသံတစ်​ခု​ကြောင့်​ ကလျာအ​ပေါက်​ဝက​နေ လှည့်​ကြည့်​မိလိုက်​သည်
ထိုင်​ခုံတွင်​ထိုင်​​နေကာ အ​နောက်​တွင်​လည်း ဝတ်​စုံအပြည့်​နဲ့လူများ ကြည့်​ရတာသက်​​တော်​​စောင့်​လားမသိ
ထိုင်​​နေ​သော လူတစ်​​ယောက်​ထိုသူကအရမ်း​ချောသည်
အထူးသဖြင့်​ သူ့မျက်​ဝန်း​တွေကညှို့ယူခြင်းများအပြည့်​ဖြင့်
တစ်​ကိုယ်​လုံးဝတ်​ဆင်​ထားတာကိုတွက်​ကြည့်​လိုက်​လျှင်​​တောင်​နည်းနည်း​နော​နောမဟုတ်
ကြည့်​ရတာ အဲ့လူတစ်​ကယ်​ချမ်းသာမယ့်​ပုံပဲ
ကလျာ ထိုသူအား​ဘယ်​​လောက်​​တောင်​​ငေးကြည့်​​နေမိသည်​မသိ

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now