Episode ♥ 27 ♥

1.8K 71 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 27 ♥

🌙🌙🌙
ဦးချုန်း သားကိုပြန်​ပို့တာ​နောက်​ကျ​နေ​သော​ကြောင့်​ မယ်​စိတ်​ပူစွာ ​ခေါက်​တုံ့​ခေါက်​ပြန်​လမ်း​လျှောက်​ရင်း ​စောင့်​​နေမိသည်
🔔🔔🔔
Bellသံ​ကြောင့်​ မယ်​အ​ပြေးအလွှား​လေးသွားကာဖွင့်​လိုက်​​တော့
သားအား​ပွေ့လာ​သောဦးချုန်း
"သားကအိပ်​​ပျော်ခဲ့တာ သားအခန်းကဘယ်​မှာလဲ"
မယ်​ ​ရှေ့က​နေလမ်းပြရင်း
ချုန်း သားအားကုတင်​ထက်​ချကာ ​စောင်​​လေးအားအသာအယာခြုံ​ပေးလိုက်​သည်
ပြီး​တော့ အခန်းထဲ​ဝေ့ဝိုက်​ကြည့်​လိုက်​ပြီး
"သားနဲ့အတူတူ​နေတာလား"
"အင်း"
ချုန်း မျက်​ဝန်း​တွေက စားပွဲ​ပေါ်ထက်​ဓာတ်​ပုံ​လေးအားကြည့်​လိုက်​​မိကာ နှုတ်​ခမ်း​တွေ​ကွေးညွတ်​သွားရသည်
မယ်​ မလုံမလဲဖြင့်​ ဓာတ်​ပုံ​လေးအားစာအုပ်​ထဲထိုးထည့်​ရင်း
"မင်းမှာအဲ့ပုံရှိ​သေးတယ်​​ပေါ့"
"သား သိမ်းထားတာပါ"
"အဟွန့်​ ဟုတ်​လား"
မယ်​ အ​နေရခက်​​ပေမယ့်​ အားတင်းလျက်
"ဦးချုန်း ပြန်​​တော့​လေ မိုးချုပ်​​နေပြီ"
"တစ်​ခြားတစ်​​ယောက်​ကပြန်​မ​ရောက်​​သေးဘူးမလား ကိုယ်​စိတ်​မချဘူး"
"ခုန​နေပြန်​လာခဲ့မှာ မယ်​တို့ခါတိုင်းလဲ​နေ​နေကြပဲ ဘာမှမဖြစ်​ဘူး"
ချုန်း မယ့်​​ရှေ့​လျှောက်​သွားလိုက်​ပြီး
"မယ်​.....မင်းကိုယ့်​ကိုချစ်​​နေ​သေးရဲ့သားနဲ့ ဘာလို့အ​ဝေးကိုတွန်းထုတ်​​နေရတာလဲ"
"မယ်​ အရင်​လိုမရူးမိုက်​ချင်​​တော့ဘူးဦးချုန်း"
"မင်းဆိုလိုတာက အရင်​ချိန်​​တွေတုန်းက ကိုယ့်​နားမှာရှိ​နေ​ပေးမယ်​လို့​ပြောခဲ့တာ အဲ့အတွက်​​နောင်​တရလား"
ဦးချုန်းအ​မေး​ကြောင့်​ မယ်​နှုတ်​ခမ်း​လေး​တွေကိုကိုက်​လိုက်​မိသည်
'ဦးချုန်းနဲ့ပတ်​သက်​ရင်​ မယ့်​အတွက်​​နောင်​တဆိုတာမရှိပါဘူး´လို့ စိတ်​ထဲ​ဖြေ​နေမိ​ပေမယ့်​ အပြင်​မှာထုတ်​​ပြောဖို့​တော့သတ္တိမရှိ
"ကိုယ်​​မေး​နေတယ်​​လေ"
မယ်​ လက်​သီး​လေးကိုကျစ်​​နေ​အောင်​ဆုပ်​ရင်းအားတင်းကာ
"​နောင်​တရတယ်​"
"ဘယ်​လို!!!!!!"
"ဦးချုန်း​ကြောင့်​ မယ်​အရမ်းခက်​ခဲခဲ့ရတာဦးချုန်းသိရဲ့လား"
ငိုချင်​စိတ်​ကိုထိန်းထားမိ​ပေမယ့်​ မယ့်​အသံမှာငိုသံ​လေး​တွေစွက်​သွားရသည်
မယ်​ တစ်​ဖက်​သို့မျက်​နှာလွဲလိုက်​ပြီး
"ပြန်​ပါ​တော့"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now