Episode ♥ 32 ♥

2K 77 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 32 ♥

ဒီရက်​​တွေ ချုန်းတို့မိသားစုအတွက်​ ​ပျော်​ရွှင်​စရာ​တွေပြည့်​နှက်​​နေခဲ့ရင်း
မိသားစုဆို​သော​ဝေါဟာရကို ချုန်းတစ်​​ယောက်​နားလည်​သွားခဲ့​လေပြီ
သူချစ်​ရတဲ့သူမနှင့်​အတူသား​လေးနဲ့ ​ပျော်​ရွှ​နွေး​ထွေး​သော မိသားစုဘဝ​လေးကို​ပျော်​ရွှင်​စွာဖြတ်​သန်းရင်း

ချုန်း အလုပ်​ပြီးသည်​နှင့်​ အိမ်​ကိုပြန်​ခဲ့​တော့ ထုံးစံအတိုင်း အိမ်​​ပေါက်​ဝကဒန်း​လေး​ပေါ်မှာထိုင်​ကာ​စောင့်​​နေ​သော မယ်​နှင့်​သား​လေး
ကားထိုးရပ်​သည်​နှင့်​ ကားအနား​ပြေးလာကြကာ
"​ဖေ့"
သားအသံ​လေး​ကြောင့်​ အ​မောတို့​ပြေသွားရသ​ယောင်​​ယောင်
ကုပ်​တက်​​နေ​သောသားအားချီိလိုက်​ရင်း သားပါး​လေးအား​နမ်းရှိုက်​လိုက်​၏
"ဒီ​နေ့​စောတယ်​​နော်​ဦးချုန်း"
"မင်း​နဲ့ သားကိုလွမ်းလို့​စောပြန်​လာတာ​ပေါ့ခ​လေးငယ်​ရဲ့"
ချုန်း မယ့်​ပုခုံး​လေးအားဖက်​ကာအိမ်​ထဲသို့ဝင်​လာခဲ့သည်
ချုန်းချီထား​သောသားက
"​ဖေကလဲ သားကိုကျသားတဲ့ ​မေ့ကိုကျခ​လေးငယ်​တဲ့ မတရားလိုက်​တာ တကယ်​ဆိုသားက က​လေးပဲဟာ"
ချုန်း ဘယ်​လို​ဖြေရမာ်​မသိ ​ခေါင်းအားကုတ်​ကာ
"ဒါက ဒီလိုရှိတယ်​သားရဲ့ ​ဖေကသား​မေကိုချစ်​စနိုးနဲ့​ခေါ်တာ"
"ဦးချုန်း​နော်​"
မယ်​ ဦးချုန်းလက်​​မောင်းအားဖတ်​ခနဲ့ရိုက်​လိုက်​​လေသည်
"မရှက်ဘူးလား ​မေကခ​လေးလဲမဟုတ်​ပဲနဲ့ဟာ"
"သားရာ....မင်းဘာလို့ဒီ​လောက်​ရစ်​တတ်​ရတာလဲ"
"ခိခိ​ဖေ့သားကို"
ချုန်း​ပေါ်က​နေ သားက​လျောချဆင်း​ပြေးကာ လင်းထံသို့
"ဦးဦးလင်း သားတို့သွား​ဆော့ရ​အောင်ေ​လ"
မယ်​ အကိုလင်းအားအားနာစွာ
"သား ဦးဦးလင်းကခုမှပြန်​​ရောက်​တာ​လေ"
"ဟွန့်​ အာ့ဆိုလဲထားပါ ဦးဦးလင်းမှမလိုချင်​ပဲ"
သားစကား​ကြောင့်​ လင်းမျက်​ဝန်း​တွေ​တောက်​ပသွားရကာ
"ရပါတယ်​ မမ​လေး ကျွန်​​တော်​သားနဲ့​ဆော့​ပေးလိုက်​ပါ့မယ်​"
"​ရေး.....ဒါမှဦးဦးလင်းကွ"
လင်းနဲ့ထွက်​သွား​သော သားအားမယ်​မျက်​စိတစ်​ဆုံးလိုက်​ကြည့်​​နေပြီး
"ဦးချုန်း သားကအကိုလင်းကိုကပ်​​နေသလိုပဲ"
"အဟွန့်​ ကပ်​မှာ​ပေါ့ လင်းအ​ကြောင်းသူအသိဆုံးကို လင်း​ပျော့ကွက်​ကသူ့ဆီမှာ​လေ"
ဦးချုန်းစကားအားနားမလည်​စွာ
"ဘာ​ပျော့ကွက်​လဲ"
"လင်းက စုမြတ်​လင်းကို ကြိုက်​​နေတာ​လေ အဲ့မှာသားကသူ့အ​ကြောင်း​တွေနဲ့လင်းကိုချုပ်​​နေတာ"
"​ဟော​တော်​...."
"သားက ​တော်​​တော်​လည်​တာပဲ"
"ဦးချုန်းကိုတူလို့​လေ"
မယ်​တို့စကားတ​ပြော​ပြေနှင့်​​လျှောက်​လာကာ အခန်းထဲပင်​​ရောက်​လာခဲ့ပြီ
"ဦးချုန်း ​ရေအရင်​ချိုးမယ်​မလား"
"အင်း"
မယ်​ သူ့အင်္ကျီကြယ်​သီး​တွေအားကူဖြုတ်​​ပေး​နေ​တော့ မယ့်​အားစူးစိုက်​ကြည့်​​နေ​သောဦးချုန်း​ကြောင့်
"ဘာလို့ဒီ​လောက်​ကြည့်​​နေတာလဲဦးချုန်းရဲ့"
"ကိုယ်​​တွေး​နေတာ ဘာလို့ကိုယ့်​မိန်းမကအရမ်းလှတာလဲလို့"
"ကိုယ့်​ငါးချဉ်​ကိုယ်​ချဉ်​​နေပြန်​ပြီ"
ချုန်း သူမခါးမှသိုင်းဖက်​လိုက်​ပြီး
"ကိုယ်​ ဟိုတုန်းကလို ခ​လေးဆန်​တဲ့ပုံစံ​လေးကိုသ​ဘောကျတယ်​ ခ​လေးငယ်​"
"ခ​လေးငယ်​လို့မ​ခေါ်ပါနဲ့ဆို သားက​တောင်​​ပြော​နေပြီ"
"​ပြော​ပြော​ပေါ့ ကိုယ့်​အတွက်​မင်းကခ​လေးငယ်​ပဲ ဒီ​နေ့ဘာ​တွေလုပ်​​နေတာလဲ ကိုယ့်​ကို​ရောလွမ်းရဲ့လား"
"မယ်​ ဘာလုပ်​တယ်​ဆိုတာဦးချုန်းအကုန်​သိ​နေတာပဲ ဘာလို့​မေး​နေတာလဲ"
"ကိုယ်​​မေးတာ ကိုယ့်​ကိုလွမ်းလားလို့"
"လွမ်းဘူး"
"တကယ်​လား"
ချုန်း လက်​​တွေကသူမခါးထက်​​ရွေ့လျားသွား​တော့
"မ..မလုပ်​လို့ ယားတယ်​လို့ ဦးချုန်း......"
"​ဖြေ​လေ"
"အရမ်းအရမ်းလွမ်းတာ ​ကျေနပ်​ပြီလား"
"အွန်း ကိုယ်​ကပိုလွမ်းတယ်​"
"အရမ်းပိုတာပဲ သွား​ရေချိုး​တော့"
"ခဏကိုယ်​မင်းကို​ပေးစရာရှိ​သေးတယ်​"
"ဟင်​"
ချုန်း ​ဘောင်းဘီအိတ်​ကပ်​ထဲကလည်​ဆွဲ​လေးအား ဆွဲယူလိုက်​ပြီး သူမလည်​တိုင်​ထက်​ဆွဲ​ပေးလိုက်​သည်
"ထပ်​မ​ပျောက်​​စေနဲ့ ကိုယ်​ပြန်​ပြင်​​ပေးထားတာ"
မယ်​ လည်​ဆွဲ​လေးအားငုံ့ကြည့်​ကာ
"ဒါက....ဦးချုန်းဆီ ဘယ်​လိုလုပ်​....."
"ကိုယ်​မင်းအ​ဖေဆီသွား​တော့ ​တွေ့ခဲ့တာ"
"​သြော်​ မယ်​ဆွဲကြိုး​လေး​ပျောက်​သွားတာဦးချုန်းကို​ပြောမလို့ပဲ ​တော်​ပါ​သေးရဲ့ ဟီး"
"မနက်​ဖြန်​ ကိုယ်​စံအိမ်​ခဏသွားမလို့"
"မယ်​လဲ​ပြောမလို့ပဲ ဦးချုန်းအဖွား​တွေကိုပစ်​မထားပါနဲ့"
"ဟုတ်​ပါပြီ ကိုယ်​သားကိုပါ​ခေါ်သွားမလို့ သားကအဓိကပဲ​လေ အဟွန့်​"
မယ်​မျက်​​စောင်း​လေးဝင့်​ကာ
"လိုရင်​​တော့ သိတယ်​ မလိုရင်​သားကိုရှုပ်​တယ်​​လေးဘာ​လေးနဲ့"
"သားက အရမ်းဆိုးတာပဲကို"
"မယ့်​သားကမဆိုးပါဘူး​နော်​"
"ကိုယ်​စဉ်းစား​နေတာ ဖွားဖွားတို့ကိုမြစ်​​လေး​တွေထပ်​​မွေး​ပေးလိုက်​ရင်​ ပိုအဆင်​​ပြေမှာ ဘယ်​လိုလဲ"
မယ်​ ဦးချုန်းဗိုက်​အားလိမ်​ဆွဲလိုက်​​တော့
"မယ်​....အာ့ နာတယ်​​နော်​"
"အားတိုင်းမဟုတ်​တာပဲ​တွေး​နေတယ်​"
"မသိဘူး"
ချုန်း သူမဗိုက်​​လေး​ပေါ်လက်​​လေးတင်​ကာ
"ဘယ်​​တော့မှသတင်း​ကောင်းကြားရမလဲ​နော်​"
"မသိဘူး​လေ"
"ဒါမှမဟုတ်​မလုံ​လောက်​​သေးလို့လား ထပ်​ကြိုးစားကြည့်​ကြမလား"
မယ့်​ထံငုံ့မိုးလာ​သော သူ့ရင်​ဘတ်​ကြီးအားတွန်းဖယ်​ကာ
"ဦးချုန်း​နော်​ သွား​ရေသွားချိုး​​တော့"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now