Episode ♥ 12 ♥

1.5K 62 0
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

Episode ♥ 12 ♥

"သခင်​​လေး ဒီမှာပါ အယား​ပျောက်​​ဆေး"
မေခင်​​ပေးလာသည့်​လိမ်း​ဆေးဘူးအားယူလိုက်​ပြီး
"မယ့်​အခန်းနားဘယ်​သူ့ကိုမှမလာပါ​စေနဲ့"
"ရှင်​....ဟုတ်​"

မယ်​​ရေချိုးပြီး​သည်​ထိ ခါချဉ်​ကိုက်​ထားသည်​များက အဖု​တွေထကာ ယား​နေပြီ​လေ
မယ်​ ကုတင်​​ပေါ်တွင်​ထိုင်​ကာ ဟိုကုတ်​ဒီကုတ်​နှင့်​ဖြစ်​နေလျက်
"မှတ်​ပြီလား"
ဦးချုန်းအသံ​ကြောင့်​ မယ်​လန့်​ကာ
"အ​မေ့!!!!!!"
မယ်​ကြည့်​လိုက်​​တော့ တံခါး​ပေါက်​မှာလက်​ပိုက်​လျက်​သား ရပ်​​နေလျက်
"ဟာ....ဦးချုန်း အသံမ​ပေး ဘာမ​ပေးနဲ့"
"ငါ့အိမ်​ကို ငါသွားချင်​တဲ့​နေရာသွားမှာ​ပေါ့ မင်းဆီကခွင့်​ပြုချက်​​တောင်း​နေရဦးမှာလား"
"ဒါ​ပေမယ့်​ မယ်​ကမိန်းက​လေး​နော်​ မ​တော်​လို့များ...."
မယ်​​တွေး​နေရင်းပင်​ ရှက်​လာကာပါး​လေး​တွေနီရဲလာ​လေသည်
"ဆက်​​ပြောလေ"
"မသိဘူး ​နောက်​ကိုမယ့်​အခန်းဝင်​ရင်​တံခါး​ခေါက်​​ပေး"
ချုန်း ပုခုံးကိုတွန့်​ပြရင်း
"မင်း​တော်​​တော်​​လေးယား​နေပြီမလား ဒီမှာအယား​ပြေ​ဆေး"
မယ်​​ကျောအားလှမ်းကုတ်​​နေရင်းမှ
"ကြီး​မေနဲ့တခြားသူ​တွေ​ရော"
"မအားဘူး"
"ဟင်​....အာ့ဆိုမယ်​ကဘယ်​လိုလိမ်းရမှာလဲ"
"ငါလိမ်း​ပေးမယ်​"
"ဟမ်​....ဘယ်​လို ဘယ်​လို"
"ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ နားပါ​လေးသွားပြီလား ဟိုဘက်​လှည့်​"
"ဟင့်​အင်း​နော်​"
"ဘာဟင့်​အင်းလဲ"
"မရဘူး မလိမ်းဘူး"
"မယ်​ ငါစိတ်​မရှည်​ဘူး​နော်​"
မယ်​ ဦးချူန်းအားမျက်​နှာငယ်​​လေးဖြင့်​ ကြည့်​ကာ
"ဦးချုန်းရယ်​ ကြီးခင်​ကိုပဲ​ခေါ်​ပေးပါ​နော်​"
"ဟာ သူတို့မှမအားတာ"
"အာ့ဆိုလဲ မယ့်​ဘာသာဖြစ်​သလိုလိမ်းလိုက်​မယ်​"
မယ်​ ​ဆေးဘူး​လေးအားဆွဲယူလိုက်​​တော့ မယ့်​ထက်​အရင်​ပဲ ပြန်​ယူလိုက်​​သောဦးချုန်း
"ဟိုဘက်​လှည့်​"
"လှည့်​ဘူး"
ချုန်းစိတ်​မရှည်​စွာ
"ဒီတိုင်း​အေး​အေး​ဆေး​ဆေးလိမ်းချင်​လား ကိုယ်​တုံးလုံးချွတ်​ပြီးလိမ်း​ပေးရမှာလား"
မယ်​ ဦးချုန်းအ​ကြောင်းကိုအသိဆုံး
သူက​ပြောရင်​​ပြောတဲ့အတိုင်းလုပ်​တတ်​သည်​မလား
်မယ်​နှုတ်​ခမ်း​လေးစူကာမ​ကျေမနပ်​ဖြင့်
သူကမယ့်​အနားထိုင်​လိုက်​ပြီး လက်​ကအဖူး​တွေအား ​ဆေးလိမ်း​ပေးပြီး
"ဟိုဘက်​လှည့်​"
မယ်​ မျက်​နှာငယ်​​လေးဖြင့်
"ဦးချုန်း...."
သူက​တော့မျက်​နှာထားတင်းတင်းဖြင့်
"လှည့်​"
မယ်​ ငိုမဲ့​လေးတစ်​ဘက်​သို့လှည့်​လိုက်​​တော့
"အင်္ကျီချွတ်​လိုက်​"
"ဟမ်​....."
"အ​ပေါ်အင်္ကျီကို​ပြောတာ"
တော်​​သေးတာ​ပေါ့ ဒီ​နေ့ကြိုးတစ်​​ချောင်းအင်္ကျီ​လေး​ရောဝတ်​ထားလို့
မဟုတ်​ရင်​မ​တွေးရဲစရာပဲ
ချုန်း သူမ​ကျောပြင်​ကအဖူး​တွေအား​ဆေးလိမ်း​ပေးပြီး
"​မေခင်​က တိုင်​​နေတယ်​မင်းအရမ်းဆိုးတယ်​တဲ့"
"ဟင်​...မယ်​မဆိုးပါဘူး ဦးချုန်းရဲ့ ဟီးနည်းနည်း​ပေါ့"
စပ်​ဖြီးဖြီး​လေး​ပြောလိုက်​​သော သူမ​ကြောင့်​ အသည်းယားစွာ
"ပြီးပြီ"
မယ်​ ​အောက်​တွင်​ချထား​သော အင်္ကျီ​လေးအားပြန်​ဝတ်​ဖို့​ကောက်​လိုက်​ချိန်
မယ့်​ ပုခုံးက​နေကိုင်​ကာ အိပ်​ယာ​ပေါ်သို့တွန်းလဲလိုက်​​သော ဦးချုန်း​ကြောင့်
မယ်​ မျက်​လုံးအပြူးသား
"ဦး.....ဦးချုန်း"
ချုန်း သူမနှုတ်​ခမ်း​တွေအား တစ်​လွှာခြင်းနမ်းရှိုက်​လိုက်​ပြီး နှုတ်​ခမ်းမှတစ်​ဆင့်​ လှစ်​ဟာ​နေ​သောပုခုံး​လေးအားခပ်​ဖွဖွကိုက်​လိုက်​ပြီး
"အာ့"
မယ်​ နာသွားသဖြင့်​ အာ့ခနဲပင်​​အော်​မိသွားသည်
ချုန်း သူမအ​ပေါ်မှထကာ
"အပြစ်​​ပေးတာ ကိုယ့်​လာမြူဆွယ်​​နေလို့"
"ဟမ်​......မယ်​ဘာလုပ်​လို့လဲ"
"ကိုယ့်​မျက်​လုံးထဲ မင်းပုံစံကအရမ်း😉"
ချုန်း စကားကိုရပ်​ကာမျက်​လုံး​လေးတစ်​ဖက်​မှိတ်​ပြလိုက်​​တော့
မလုံမလဲစွာနှင့်​ မယ်​ကိုယ့်​ရင်​ဘတ်​ကိုယ်​လက်​ဖြင့်​ကာလိုက်​သည်
"ကာလည်းအလကားပဲ ​​ငါကြည့်​ချင်​ရင်​ မင်းတားလဲမရဘူး"
"ဟာ...ဦးချုန်း နှာဘူးကြီး"
မယ်​ ထိုသို့​ပြောလိုက်​​တော့ မယ့်​အနားတိုးကပ်​လာကာ
"တကယ်​နှာဘူးက ဘယ်​လိုလဲဆိုတာ ပြရမလား"
"ဦးချုန်း​နော်​ အရမ်းညစ်​ပတ်​တယ်​"
"အဟွန့်​ ကိုယ့်​ဘာမှမ​ပြောဘူး မင်းဘာသာမင်း​တွေးတာ အဟွန့်​အဟွန့်​"
မယ်​ အခန်းထဲကထွက်​သွား​သော သူ့​ကျောပြင်​အားသးမမြင်​နိုင်​​ပေမယ့်​ မျက်​​စောင်းလှမ်းထိုးမိလိုက်​သည်
"မုန်းချင်​စရာကြီး"
နှုတ်​ကသာ​ရေရွတ်​လိုက်​​ပေမယ့်​ လက်​​တွေ့မှာ​တော့ သူနမ်းသွားတဲ့နှုတ်​ခမ်း​လေးအားလက်​ဖြင့်​ကိုင်​မိရင်း ကြည်​နူး​နေမိ၏

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now