Episode ♥ 29 ♥

1.9K 78 2
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

💕💕ကျွန်​​တော်​ ကျွန်​မတို့၏ မင်္ဂလာပွဲသို့ကြွ​ရောက်​ပါရန်​ ဖိတ်​ကြားအပ်​ပါသည်​💕💕
ရွှေ​ရောင်​ဖိတ်​စာ​လေးထက်​​ရေးထား​သော စာလုံး​လေးများအားဖတ်​ကာ မီပြုံး​ပျော်​​နေမိသည်
"ဖိတ်​စာမှာ ဘာလို့သတို့သားသတို့သမီးနာမည်​မပါတာလဲ"
ဒေါ်အမရာ ချုန်းယူခဲ့​သောဖိတ်​စာနမူနာပုံစံအားကြည့်​ကာ စိတ်​တိုင်းမကျစွာ​ပြောလိုက်​​တော့
ချုန်း ပုခုံးအားတွန့်​လျက်
"ပါစရာလိုလို့လား မင်္ဂလာပွဲကျ မြင်​ရမှာပဲ​လေရိုးရိုးရှင်းရှင်းပဲ​ကောင်းပါတယ်​"
"ဒါ​ပေမယ့်​ သမီး​လေးနန်းနဲ့တိုင်​ပင်​သင့်​တယ်​​လေ"
"ရပါတယ်​ ဖွားဖွားချုန်းအဆင်​​ပြေသလိုလုပ်​ပါ​စေ"
"မင်္ဂလာပွဲက ​နောက်​တစ်​ပတ်​​နော်​"
ဒီတစ်​ခါ ချုန်းစကား​ကြောင့်​ မီအပါအဝင်​အကုန်​လုံးအံ့အားသင့်​သွားကြသည်
"​နောက်​တစ်​ပတ်​ဟုတ်​လား"
"အင်း"
"ချုန်း မင်းဒီအဖွား​တွေနဲ့တိုင်​ပင်​ဖို့စိတ်​ကူးမရှိဘူးလား"
"ချုန်းရယ်​ မင်္ဂလာပွဲကမမြန်​လွန်းဘူးလား အစီအစဉ်​​တွေလဲ ဘာမှစီစဉ်​ရ​သေးတာမဟုတ်​ဘူး"
"ဖွားဖွားတို့ကမင်္ဂလာပွဲကိုတက်​ဖို့ပဲ ကျွန်​​တော်​အကုန်​စီစဉ်​ပြီးပြီ"
ဒေါ်အမရာ ​မြေးစကား​တွေအားသ​ဘောမကျစွာ
"သမီးနန်း​လေးနဲ့ တိုင်​တိုင်​ပင်​ပင်​လုပ်​ပါ"
ချုန်း နံ​ဘေးမှာထိုင်​​နေ​သော နန်းအားလှည့်​ကြည့်​လိုက်​ပြီး
"မင်္ဂလာဝတ်​စုံအတွက်​ မင်းကြိုက်​တဲ့ဆိုင်​​ရွေးလို့ရတယ်"
"နန်း သ​ဘောကျတဲ့ဆိုင်​တစ်​ဆိုင်​​တွေ့ထားတယ်​ မနက်​ဖြန်​ချုန်းလိုက်​ပို့ပါလား"
"Ok​လေ"
"သမီးနန်းလိုတာရှိရင်​ချုန်းကို​ပြော​နော်"
"ဟုတ်​ကဲ့ဖွားဖွား"
မီ မင်္ဂလာဖိတ်​စာ​လေးအားတစိမ့်​စိမ့်​ကြည့်​ကာ ​ပျော်​ရွှင်​​နေမိသည်
နောက်​ဆုံး​တော့ မီ ချုန်းကိုပိုင်​ဆိုင်​ခွင့်​ရ​တော့မယ်

⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀⁀⊙﹏☉⁀

မီ ​​ပတ်​ဝန်းကျင်​အားတစ်​ချက်​အကဲခတ်​ရင်း အထဲသို့ဝင်​လာခဲ့သည်
အထဲတွင်​​လောင်းကစားလုပ်​သူအများအပြားရှိ​ပေမယ့်​ သူ့အာရုံနှင့်​သူဖြစ်​သဖြင့်
မီ ​အ​ဖေရှိမည့်​အ​ပေါ်သို့တက်​လာခဲ့မိသည်
ဦးဗိုလ်​ထွဋ်​ နံ​ဘေးတွင်​မိန်းမငယ်​​လေးများခြံရံလျက်
ဝင်​လာ​သော သမီးဖြစ်​သူအားကြည့်​ကာ
"ဒီအ​ဖေဆီ ဘာလာလုပ်​တာလဲ ဘာအလိုရှိလို့လဲ"
မီ ဦးဗိုလ်​ထွဋ်​အနားမှမိန်းက​လေး​တွေအား
"ထွက်​သွား"
ထို​ကောင်​မ​လေး​တွေထွက်​သွား​တော့ မီမျက်​မှန်​ကိုချွတ်​ကာ ​ဦးဗိုလ်​ထွဋ်​​ရှေ့တွင်​ဝင်​ထိုင်​လိုက်​သည်
"သမီး မင်္ဂလာ​ဆောင်​​တော့မယ်​"
"ဘယ်​လို!!!!!!"
ဦးဗိုလ်​ထွဋ်​ ​ဆေးလိပ်​အားတစ်​ဖွာရှိုက်​လိုက်​ပြီး
"ဘာလို့ငါ့ကိုလာ​ပြော​နေတာလဲ"
"​ဖေ​ဖေသိသင့်​တယ်​ထင်​လို့ ပြီး​တော့သတိ​ပေးဖို့"
"အဟွန့်​ ဘာလဲ ထစ်​ချုန်းမိုးကို မထိပါနဲ့လို့လား ​မေမီဗိုလ်​ နင်​အဲ့​ကောင်​အတွက်​နဲ့ကန်း​နေပြီပဲ"
"........"
"သူ့မှာ သားတစ်​​ယောက်​ရှိတယ်​ဆို နင်​ဒီလိုဟန့်​တား​နေလို့ အဲ့​ကောင်​ကိုအခုထိအပြတ်​မရှင်းနိုင်​ဘူး ခုတစ်​​ယောက်​​တောင်​ပိုလာပြီ"
"သမီး ချုန်းနဲ့လက်​ထပ်​ပြီးရင်​ စံအိမ်​နဲ့ပတ်​သက်​တာအကုန်​ သမီးတို့လက်​ထဲ​ရောက်​လာမှာပဲ​လေ"
ဦးဗိုလ်​ထွဋ်​ သမီးဖြစ်​သူအားကြည့်​ကာ​ခေါင်းယမ်းရင်း
"ငါလိုချင်​တာ အဲ့လိုမဟုတ်​ဘူး အဲ့စံအိမ်​မှာ ဘုရင်​ဆိုတာမျိုးရှိ​နေတာမလိုချင်​တာ ငါပဲဘုရင်​ဖြစ်​ချင်​တာ"
"ဘာပဲဖြစ်​ဖြစ်​ သမီးကိုငဲ့ပြီး ချုန်းကိုအန္တရာယ်​ဖြစ်​​စေမယ့်​ ဘယ်​အရာကိုမှမလုပ်​ပါနဲ့ အဲ့ကျသမီးအ​ဖေ့ကိုမုန်းရလိမ့်​မယ်​"
ဦးဗိုလ်​ထွဋ်​ သမီးဖြစ်​သူစကား​ကြောင့်​ဟားတိုက်​ရီ​မောလိုက်​ပြီး
"နင်​ ခုလိုရူးမိုက်​ဖို့တန်​ရဲ့လား အဲ့​ကောင်​ကနင့်​ကို​ရောလှည့်​ကြည့်​လို့လား"
"ဘာပဲ ဖြစ်​ဖြစ်​သမီးကိုသူလက်​ထပ်​ရမှာပဲ​လေ"
"လက်​ထပ်​တာ....သူကနင့်​ကိုချစ်​လို့လား မီ ခု​နောက်​ဆုတ်​ဖို့အချိန်​မှီ​သေးတယ်​ တစ်​ဘဝလုံး​နောင်​တမရချင်​ရင်​ ​နောက်​ဆုတ်​လိုက်​.ဒီအ​ဖေက​​စေတနာနဲ့သတိ​ပေးတာ"
"သမီးဘယ်​​တော့မှ​နောက်​ဆုတ်​မှာမဟုတ်​ဘူး​ဖေ​ဖေ"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now