Episode ♥ 33 ♥

2K 57 2
                                    

⛈️⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️⛈️
<ÖR>
💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕

မယ်​ ​မျက်​နှာသစ်​ပြီးထွက်​ခဲ့​တော့ ဝရန်​တာမှာဖုန်း​ပြော​နေ​သော ဦးချုန်း
မယ်​ မှန်​တင်​ခုံတွင်​ထိုင်​ကာ ဆံပင်​အားဖြီး​နေရင်း

"အင်း သူတို့လှုပ်​ရှားမှူ​တွေ​သေချာ​စောင့်​ကြည့်​ထား တစ်​ခုခုထူးခြားရင်​ ငါ့ဆီဖုန်းဆက်​"
"......."
"အင်းအာ့ဆိုဒါပဲ"
ချုန်း ဖုန်းချပြီးအထဲဝင်​ခဲ့​တော့ ​ခေါင်းဖြီး​နေ​သော မယ့်​​အားကြည့်​ကာပြုံးပြီး သူမနား​လျှောက်​သွားလိုက်​သည်
"ဦးချုန်း ဘယ်​သူနဲ့ဖုန်း​ပြော​နေတာလဲ"
"အလုပ်​ကိစ္စပါ"
ချုန်း သူမလက်​ထဲကဘီး​လေးအားဆွဲယူကာ
"ကိုယ်​ဖြီး​ပေးမယ်​"
"ဟုတ်​"
ချုန်း သူမဆံပင်​အားဖြီး​ပေး​နေစဉ်
"ဟီး....ဦးချုန်း"
"ဟင်​"
"နှစ်​​တွေအများကြီးကုန်​သွားတာ ခုစဉ်းစားကြည့်​​တော့အိမ်​မက်​လိုပဲ​နော်​"
"အဲ့တုန်းက​တော့ ကိုယ့်​ခ​လေးငယ်​ကိုလွမ်းပြီးရူးမတတ်​ပဲ ကိုယ့်​ဆီကထွက်​​ပြေးသွားခဲ့တဲ့​ကောင်​မ​လေး​လေ"
"အဟီး...."
"အဲ့​ကောင်​မ​လေးကို ဘယ်​​တော့မှထွက်​​ပြေးခွင့်​မ​ပေး​တော့ဘူး"
မယ်​ ပြုံးကာ ဦးချုန်းအား​မော့ကြည့်​လိုက်​​တော့ ချုန်း မယ့်​နဖူးအားအသည်းယားစွာနမ်းရှိုက်​လျက်
"ဦးချုန်းသိလား"
"ဟင်​"
"မယ်​ ဦးချုန်းကိုစ​တွေ့ထဲကချစ်​ခဲ့တာ စ​တွေ့တုန်းက​တွေးခဲ့တာ​ပေါ့ဒီလူကြီးအရမ်း​ချောတယ်​​ပေါ့"
"အဟွန့်​ ကိုယ့်​ကို​ကြွေသွားတယ်​​ပေါ့ အာ့မို့ကိုယ့်​ကို​တောင်​နမ်းခဲ့​သေးတယ်​မလား"
မယ်​နှာ​ခေါင်း​လေးရှုံ့လိုက်​ပြီး
"အာ့က ဦးချုန်းအဆင်​မ​ပြေဘူးထင်​လို့ပါ​နော်​ အနမ်းမှမဟုတ်​တာ"
"ကိုယ်​က​တော့ပထမဆုံးအနမ်းလို့သတ်​မှတ်​ထားတယ်​ ပြီးပြီ"
ချုန်း ​ခေါင်းဖြီး​ပေးပြီး သူမဆံပင်​​တွေအား​သေချာစည်း​ပေးလိုက်​၏
ပြီး​တော့ စားပွဲ​ပေါ်တင်​ထားသည့်​နွားနို့ခွက်​အား ကမ်း​ပေးလိုက်​​တော့ မယ်​​ခေါင်း​လေးယမ်းကာ
"မယ်​ နွားနို့မ​သောက်​ချင်​ဘူး"
ချုန်း သူမ​ရှေ့ထိုင်​လိုက်​ပြီး
"မ​သောက်​ချင်​လဲ လိမ်​မာတယ်​​သောက်​လိုက်​​နော်​ ဗိုက်​ထဲကက​လေး​လေးအားရှိ​အောင်​"
"မယ်​ကအားရှိ​နေပြီပဲဟာ"
"အဟွန့်​ ခ​လေးငယ်​ ဆရာဝန်​ကဘာ​ပြောလိုက်​လဲ​မေ့​နေပြီလား မိခင်​ကအားနည်း​နေတယ်​တဲ့"
မယ်​ နှုတ်​ခမ်း​လေးစူကာ
"အာ့ဦးချုန်း ဂရုမစိုက်​လို့"
"အဟွန့်​ ဟုတ်​ပါပြီ တစ်​ဝက်​​တော့​သောက်​လိုက်​​နော်​ လိမ်​မာတယ်​"
"ဟုတ်​"
မယ်​ နွားနို့အား​သောက်​ပြီး​တော့
"အိပ်​​တော့"
"ဒါနဲ့သား​ရော ဘာလုပ်​​နေတာလဲ"
"သား လင်းနဲ့ကစား​နေတာ"
"အကိုလင်းကိုအားနာစရာကြီး သားက​တော့​လေ"
"လင်းက သားကိုကပ်ေ​နတာပါ"
ချုန်း မယ့်​အားရင်​ခွင်​ထဲဆွဲသွင်းလိုက်​ပြီး
"ဘာမှ​တွေးမ​နေနဲ့အိပ်​​တော့ အိပ်​​ရေးဝမှအားရှိမှာ"
"မယ်​မှမအိပ်​ချင်​​သေးတာကို"
" ........"
မယ်​ သူ့ရင်​ခွင်​ထဲက​နေ ​မော့ကြည့်​လိုက်​ပြီး
"ဦးချုန်း"
"ဟင်​"
"နန်းထိပ်​ထားအဲ ဟို...​မေမီဗိုလ်​​လေ သူကဦးချုန်းနဲ့အ​ဒေါ်​တော်​တာလားဟင်​"
"တကယ်​​တော့ ဦးဗိုလ်​ထွဋ်​က ကိုယ်​တို့နဲ့​သွေးသားမ​တော်​စပ်​ဘူး"
"ဟင်​ မယ်​နားမလည်​ဘူး"
"အဖွားတို့က ​သေချာမစစ်​​ဆေးခဲ့ကြတာ​လေ ကိုယ်​​မေမီဗိုလ်​အ​ကြောင်းသိပြီး​တော့ ပြန်​စစ်​​ဆေးခဲ့တာ သူကကိုယ့်​တို့နဲ့​သွေးသားမ​တော်​စပ်​ဘူး"
"​သြော်​ သူ့အ​ဖေကလိမ်​ထားတာ​ပေါ့"
"ဦးဗိုလ်​ထွဋ်​ရဲ့အ​မေကလိမ်​ထားခဲ့ပုံပဲ ကိုယ်​လဲအဲ့တုန်းကအ​ကြောင်း​တွေ​သေချာမသိဘူး"
"​သြော်​....အာ့ဆိုဘာလို့ ဦးချုန်းအဖွား​တွေကို အမှန်​တိုင်းမ​ပြောတာလဲ"
"အဟွန့်​ ဖွားဖွားတို့ကိုသင်​ခန်းစာ​ပေးချင်​လို့"
"ဟင်​"
"ခုဆို ဖွားဖွားတို့က ကိုယ်​နဲ့​မေမီဗိုလ်​က​သွေးသား​တော်​တယ်​ဆိုပြီး ထင်​​နေကြတာ​လေ အရင်​က​သေချာမသိပဲ လက်​ထပ်​ဖို့တိုက်​တွန်းခဲ့တာကို ​နောင်​တရ​နေကြတာ"
မယ်​ သူ့ရင်​ဘတ်​အားရိုက်​လိုက်​ပြီး
"အရမ်းဥာဏ်​များတာပဲ ဦးချုန်းအဖွား​တွေကို မြန်​မြန်​အသိ​ပေးလိုက်​ပါ"
"ဟုတ်​ပါပြီ အိပ်​​တော့ကိုယ့်​မိန်းမ​လေး"
"Good nightဦးချူန်း မယ်​သားကိုစိတ်​မချဘူး သွားကြည့်​လိုက်​ဦး​နော်​"
"ဟုတ်​ပါပြီ"
ခဏ​နေ​တော့ သူမနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​သွား​တော့မှ.ချုန်း သူမအား​စောင်​​သေချာခြုံ​ပေးကာ သားအခန်းထံလာခဲ့​လေသည်
သားနဲ့လင်းကအခန်းထဲမှာ​ဆော့​နေတာ.ဆူညံ​နေလျက်
"သား"
"​ဖေ့"
ချုန်း သား​ခေါင်းအားပုတ်​လိုက်​ပြီး
"​မျောက်​​လောင်း​လေး အိပ်​ရ​တော့မယ်​​လေ"
သားက လင်းအားတစ်​ချက်​​မော့ကြည့်​ကာ
"သား ဦးဦးလင်းနဲ့ ​ဆော့မဝ​သေးဘူး"
"နက်​ဖြန်​မှ​ဆော့​တော့ လင်းသွားနား​တော့"
"ဟုတ်​ကဲ့သခင်​​လေး သားGood night​နော်​"
"ဟုတ်​ ဦးဦးလင်း တီိမြတ်​ကိုGood nightလို့​ပြောဖို့မ​မေ့နဲ့​နော်​"
သားစကား​ကြောင့်​ လင်းရယ်​ချုန်းရယ်​ ပြုံးမိသွားကြသည်
"အတတ်​​လေး လာ​ခြေလက်​​ရေသွား​ဆေးရ​အောင်​"
"​ဖေ သားကိုပုံပြင်​​ပြောပြ"
"​ဖေမှ ပုံပြင်​မ​ပြောပြတတ်​တာ"
"သားက ပုံပြင်​ဖတ်​ပြမှအိပ်​​ပျော်​တာ"
"​ဖေကတကယ်​ပုံပြင်​​တွေလဲမသိဘူး"
"ရဘူး ပုံပြင်​စာအုပ်​ရှိတယ်​ ဖတ်​ပြပါလို့"
"ဟုတ်​ပါပြီကွာ"

⛈️ကိုယ့်​ဘဝရဲ့ နတ်​မိမယ်​⛈️&lt;ÖR&gt;💕ဦးရဲ့အမိန့်​​တော်​အတိုင်း💕Where stories live. Discover now