အမှား 7 uni/zg

3.5K 180 0
                                    

"ကိုကိုထမင်းမစားသေးဘူးလား"

"နေ့လည်1နာရီထိုးတော့မယ်"

"ဟာ1နာရီတောင်ထိုးတော့မှာလားသော်ဆာရင်သွားစားလိုက်နော်ကိုကတော့မဆာသေးဘူး"

"အစာကိုအချိန်မှန်မစားလို့အစာအိမ်ကင်ဆာဖြစ်တာပေါ့"

"ကိုကိုထမင်းစားမှာလားမစားဘူးလား"

"မစားသေးပါဘူးဆိုနေအလုပ်တွေမပြီးသေးဘူးသော်ဆာရင်သွားစားလိုက်နော်လိမ္မာတယ်"

"ကိုကိုခုချက်ချင်းမထဘူးလားရတယ်လေအဲ့တာဆိုသော်လည်းသွားမစားတော့ဘူး"

"ထပြီထပြီသွားစားမယ်လာ"

"သော်သိနေတယ်ကိုကိုကသူ့ဘာသာသူသာဂရုမစိုက်ဘဲနေလိမ့်မယ်သော်ကိုတော့ပစ်ထားမှာမဟုတ်ဘူးဆိုတာ"

"သော်တို့ရုံးနားကဆိုင်မှာပဲသွားစားရအောင်"

"သော်သဘောပဲလေ"

"ကိုကိုဘာစားမှာလဲ"

"သော်အဆင်ပြေတာသာမှာလိုက်"

"အဲ့တာဆိုရင်ကြက်ဆီထမင်း2ပွဲဖျော်ရည်2ခွက်"

"ဟုတ်ကဲ့ခဏစောင့်ပေးပါနော်"

"ကိုကို ကိုသော်မလားဟင်ဟုတ်တယ်မလား"

"နောက်ကလှမ်းကြားရတဲ့အသံကြောင့်သော်ရင်ထဲဒိန်းကနဲဖြစ်သွားရတယ်အသံလာရာကြည့်လိုက်တော့သူနဲ့အိပ်မိမလိုဖြစ်ခဲ့တဲ့ယုယုခင်"

"ကိုမတွေ့တာကြာပြီးနော်ယုကကို့ကိုလွမ်းနေတာ"

"သော်သူက"

"ကျစ်!ကိုကိုရှိနေတာပဲ ဒီဆိုင်ကိုမလာသင့်ဘူး"

"Hi တွေ့ရတာဝမ်းသာပါတယ်သော်ရဲ့ကောင်မလေးပါယုယုခင်လို့ခေါ်ပါတယ်"

"ကိုကိုမဟုတ်ဘူး"

"ဟုတ်ကဲ့ဝမ်းသာပါတယ်သော်ရဲ့အကိုရှိင်းထက်ပါ"

"ဒီကိုထမင်းလာစားတာထင်တယ်သော်နဲ့တစ်ခါတည်းဝင်စားလိုက်ပါလား ကိုယ်ကအလုပ်တွေရှိသေးလို့သော်ပျင်းမှာစိုးလို့လိုက်လာတာခုအဖော်ရပြီဆိုတော့သွားလိုက်ပါအုန်းမယ်"

"ကိုကို မဟုတ်ဘူး သော်ရှင်းပြပါရစေ"

"သော်မင်းရဲ့စကားတွေကိုယုံကြည်မိတာမှားတာပဲကိုယ်မင်းကိုမယုံသင့်ဘူးမင်းနိုင်ပါတယ်ဒီပွဲမှာ"

My Brother is Mine (Completed)Where stories live. Discover now