ပြိုင်ဘက်မဟုတ်တဲ့ပြိုင်ဘက် 20 uni /zg

1.7K 96 20
                                    

အာဏာနိုးလာတော့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလေရဲ့ ခေါင်းကလည်းတစစ်စစ်ကိုက်ခဲနေသည် ရင်နီးနေတဲ့မျက်နှာကျက်ကြောင့် အာဏာကိုယ့်အခန်းထည်းကိုပြန်ရောက်နေသည်ကိုသိလိုက်ရသည်

ရေဆာတာကြောင့်စာပွဲပေါ်ကြည့်လိုက်ပေမဲ့ရေကရှိမနေ အောက်ထက်ကိုဆင်းယူရအုံးမယ် လျှောက်လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာလဲကျမသွားအောင်ထိန်းနေရသည် ဒီးနေ့မှလှေကားတွေကပိုများနေသယောင်ခြေလှမ်းတစ်လှမ်းရဲ့အဆုံးမှာယိုင်လဲသွားတယ် ဖြစ်ချင်တာဖြစ်ဆိုပြီးစိတ်ကိုလွတ်လိုက်ပေမဲ့အေးစက်စက်ကြမ်းပြင်အစားနွေးထွေးတဲ့ရင်ခွင်တစ်ခု (ကိုယ်တွေများလဲလိုက်ရင်ထူပေမဲ့လူတောင်မရှိ@-@)

"ဘာလို့အောက်ကိုဆင်းလာတာလည်း အဖျားလည်းမကျသေးပဲနဲ့ "

အကိုရဲ့လက်ကနဖူးပေါ်ကိုလာတင်တော့ အကိုလက်တွေကအေးနေသည်ပဲလား 

"ဟို...ကျွန်တော်ရေဆာလာလို့ပါ"

"ဒီးမှာထိုင်နေကိုယ်သွားယူပေးမယ်"

သူကိုကပဲပူနေသည်လားမသိသို့သောနေလို့ကောင်းသည်တော့အမှန်ပင်

"ဟုတ်ကဲ့"

အကိုကို အားနာပေမဲ့လည်းအကိုဂရုစိုက်ပေးတာခံရသည်ကိုကြိုက်သည်အခွင့်ရေးသမားလို့ပင်ထင်ပါစေအုံးဖြစ်နိုင်ရင်နေတောင်ပြန်မကောင်းချင်တော့ ဒါမှအကိုက ဂရုစိုက်ပေးမှာလေ

"ဖြန်း!"(အသာလုပ်ပါအမောင်သော်ရယ်)

နောက်ကျောကဖြန်းခနဲအရိုတ်ခံလိုက်ရတာကြောင့် အာဏာခန္တာကိုယ်ကရေယူလာပေးတဲ့ကောင်းထက်ရင်ခွင်ထည်းတန်းရောက်သွားတော့သည်

"Boss အသာလုပ်ပါဗျာ နာတယ်"

"သော်ဇင် ခန့်နေမကောင်းသေးတဲ့ဟာကိုမင်းဖြေးဖြေးပြောလို့မရဘူးလား ကွ ခန့်ခေါင်းတွေတော့မူးကုန်တော့မှာပဲ "

သော်ရိုတ်လိုက်သည်ကဖြေးဖြေးလေးပင်မဆိုသလောက်လေးလက်လွန်သွားရုံသာဒါကိုနှစ်ယောက်ပေါင်းပြီးဝိုင်းပြောနေသည် ယောကျာ်းတွေများလင်ရှိရင်ပိုကိုပိုတယ် အရင်ကဆင်ကိုးစီးစားမကုန်တဲ့ခန့်အာဏာဆိုတာလည်းကြက်ပျောက်ငှက်ပျောက်ခုများလင်ရင်ခွင်ထည်းမှာနွားအိုကြီးလှည်းနင်းနေသလိုပဲအိပဲအိပဲနဲ့ချွဲနေတာ

My Brother is Mine (Completed)Where stories live. Discover now