ပြန်လည်တွေ့စုံခြင်း 16 uni/zg

2.2K 112 3
                                    

"ကိုကို ဒီးတိုင်းပဲဆက်ဖက်ထားတော့မှာလား သော်ကိုအိမ်မခေါ်တော့ဘူးဟင်~~"

သော်ပြောကာမှသတိရလာတဲ့ရှိင်းပါ ဖက်နေတာ 5မိနစ်တောင်ပြည့်တော့မယ် လေဆိပ်မှာဆိုတာကိုလည်းမေ့ပြီး ဖက်ထားတာ လူတွေဝိုင်းကြည့်နေတာကိုခုမှသတိထားမိတာကြောင့်ရှက်စိတ်ကပိုတိုးလာသည် ။

"အဟမ်း မေ့..မေ့သွားလို့ "

"ဒါကိုမေ့ဖက်တာကတော့ကိစ္စမရှိပါဘူးဒါပေမဲ့ ကိုကို ကတိပေးထားတဲ့ကိစ္စကိုတော့မေ့လို့မရဘူးနော် "

"ဟင် ငါဘာကတိပေးမိလို့လည်း"

သော်ခေါင်းကိုငုံ့လိုက်ပြီး ရှိင်းနားရွက်နားလောက်အထိကပ်ပြီး ပြောလိုက်သည်။

"ကိုကိုပဲသော်နဲ့လက်ထက်ပြီးတော့ ကလေးတွေမွေးပေးမယ်ဆိုပြီးတော့နှစ်ယောက်တောင်လေ~~ ကိုကိုမေ့လို့မရဘူးနော်~ မေ့ရင်အဲ့ညက ကိစ္စတွေကစပြီးသော်ကပြန်ပြောမှာ ကိုကိုအဲ့နေကမူးနေတော့လေ အရမ်း~~~"

"သော်ဇင်!!မင်းလူတွေကြားမှာ ဘာတွေပြောနေတာလည်း "

"ဟော်ဗျာ သော်က အဲမဟုတ်ဘူး မောင်က ခုန ကိုကို မောင်လို့ခေါ်လိုက်တာဆိုတော့ မောင်လို့ပဲအမြဲခေါ်တော့နော်"

"ဘယ်သူကမင်းကိုမောင်လို့ခေါ်လို့လည်း "

"ခုနကပဲ ခေါ်လိုက်တာလေ မောင်ကိုလွမ်းနေခဲ့တာဆိုပြီးလေ ~~"

"သော်! !"

"မောင်ပါဆိုနေ မောင်လို့မခေါ်ရင်အိမ်မပြန်ဘူး "

" နေလိုက်လေ တစ်သက်လုံး "

"ဟင့်အင်းမနေဘူး ကိုကိုနဲ့ပဲနေမှာ ကိုကိုနော် စားပြီးနားမလည်ဝါးပြီးထွေးထုတ်လို့မရဘူးနော် ကိုကို မောင်ကိုတာဝန်ရယူရမယ် "

"ဘယ်လိုငါကတာဝန်ယူရမယ် ဟုတ်လား~"

"ဟုတ်တယ်လေ မောင်က ကိုကိုမျက်နှာတစ်ကမ္ဘာလို့သတ်မှတ်ပြီး ~~ရန်ကုန်မြို့ကြီးကိုမျက်စိသူငယ်နားသူငယ်နဲ့ ကိုကို ကို့အားကိုးပြီးလိုက်လာရတာပါ ကိုကို ရယ် ~~ဒါကို ကိုကိုကလေယဥ်ကွင်းမှာထားခဲ့မယ်ဆိုတော့ မောင်ရင်နာတယ် ~~"

My Brother is Mine (Completed)Where stories live. Discover now