ခိုးပြေးလာတာ 25 uni/zg

1.9K 75 0
                                    

ရွှေတိဂုံ စေတီဟာအရမ်းကိုသပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှသည် ရင်ပြင်ထည်းခြေချတာနဲ့ရင်အေးသွားစေတယ် ဘုရားဇောင်းတန်းတွေမှာရောင်းတဲ့ဘုရားပန်းတစ်ချို့ဝယ်ပြီးနေ့နံအလိုက်မှာကပ်လျှူခဲ့လိုက်ကြသည်

ရှိင်းကစနေသားမလို့  စနေနေ့နံမှာရှစ်ခိုးတာမှန်ပေမဲ့သောကြာသားမောင်ကဘေးမှာငုတ်တုတ်ပင်

"မောင်နေ့နံကဟိုဘက်မှာလေ"

"မောင်နေ့နံကဟိုဘက်မှာပေမဲ့ မောင်နေ့ရက်တိုင်းကတော့မောင်ရှေ့မှာလေ ဘုရားရှစ်ခိုးနေတာမလား မောင်ငြိမ်ငြိမ်လေးထိုင်ကြည့်နေမယ်နော်"

"မရဘူးသွား ဘုရားသွားရှစ်ခိုး"

"ဟုတ်ကဲ့ခဗျာသွားပြီးနော် စိတ်ချမယ်နော် စောင့်နေနော် နော်"

"ကဲ မင်းသွားဖြစ်အုံးမှာလားဒီနေ့"

"သွားမှာပေါ့လူကိုအားကြီးနဲ့နှင်ထုတ်နေတာပဲဂယ်ပဲ"

ရုပ်ကြီးနဲ့မလိုက်ချွဲသွားတဲ့မောင်ကိုကြည့်ပြီးရီချင်စိတ်ဟာထိန်းမရ3နှစ်ကလေးဆိုးလိုပင် ထိန်းရခက်ပေမဲ့အလိုက်သိတဲ့ကလေးဆိုးပေါ့

နေ့နံနေရာရောက်တဲ့အခါလက်အုပ်ချီကာဘုရားရှစ်ခိုးပြီးဦးသုံးကြိမ်ချလာခဲ့ကာ ကိုကိုနေတဲ့နေရာသို့ပြန်လာခဲ့တော့သည် ပူပြင်းသည့်နေရောင်ခြည်ကြောင့်ဖြူနေတဲ့အသားအရည်တွေကနီနေသလိုပင်အဖြူရောင်လည်ကတုံးနဲ့နီညိုရောင်ပုဆိုးတို့ကြောင့် အမြင်စူးနေမှာဖြစ်သောလည်း သော်အတွက်တော့အေးချမ်းသည် ကိုကိုရဲ့ဒီပုံစံလေးဟာအကြိမ်ကြိမ်စိတ်ကူးယဥ်မိတဲ့ပုံစံလေးလိုပင်် ဒီလူသားကိုပိုင်ဆိုင်ရတာကောင်းချီတစ်ခုပင်

အတန်ကြာတဲ့အထိဘုရားရှစ်ခိုးပြီးကာမှာဘေးလှည့်ကြည့်တော့ပြောတဲ့အတိုင်းပင်ငုတ်တုတ်လေးထိုင်နေရှာသည့်မောင်ဟာတုတ်တုတ်ပင်မလူပ်ရှာ

"ဒီလိုကြစကားနားထောင်သားပဲ"

"ကိုကိုပြီးရင်မောင်တို့အလျှူငွေသွားထည့်ရအောင်"

"အွန်းသွားကြမယ်လေ "

အလျှူခံနေရာသို့ရောက်တဲ့အခါမှာငွေသား28သိန်းကိုပေးလျှူလိုက်သည် အကြောင်းအရင်းက28နှစ်ပြည့်မလို့တဲ့လေတစ်ကယ့်တတ်လည်းတတ်နိုင်တဲ့မောင်ပါ အလျှူ ခံနေရာကပြန်ပေးတဲ့ပြေစာကြောင့်မောင်မှာမျက်နှာတပြုံးပြုံးပင် အကြောင်းအရင်းက အလျှူရှင်ရှိင်းထက်နဲ့ခင်ပွန်းသော်ဇင် တို့ကငွေကျပ်28သိန်းလျှူခဲ့ပါသည်ဆိုတဲ့စာကြောင့်တဲ့လေတစ်ကယ်မနိုင်ပါ

My Brother is Mine (Completed)Where stories live. Discover now