မောင့်ရဲ့အားဆေး19 uni/zg

1.9K 94 4
                                    

Uni
ဒေါက် ဒေါက် ဒေါက်

"Boss ကျွန်တော်ပါ"

"ဝင်ခဲ့ "

"ဒီးနေ့အတွက်အင်တာဗျူးလာဖြေတဲ့လူတွေရဲ့စာရင်းပါ"

"အင်းငါခဏနေရင်ကြည့်လိုက်မယ် ခုလောလောဆယ်ဆယ် ကိုကိုကနေ့လည်စာစားဖို့ခေါ်ထားတယ် အဲ့တာရုံးကိုသွားမယ်"

"အော်......ကျွန်တော်ကော်ပဲလား"

စိတ်ပျက်လက်ပျက်နဲ့ပြောလာတဲ့အာဏာကြောင့်သော်ရှေ့ကဖိုင်တွဲနဲ့ကောက်ပေါက်လိုက်လေရဲ့

"လေသံနဲ့အချိုးကိုပြင်လိုက် မင်းလင်ကောင်းထက်ပါ ပါတယ် "

ကောင်းထက်ပါတယ်ဆိုတဲ့အသံကြားမှာခန့်အာဏာမျက်လုံးတွေတစ်လက်လက်ဖြစ်လာလေရဲ့

"ဗျာ အကိုကော်လား "

"အေး"

"ဒါဖြင့်သွားကြမယ်လေ ကျွန်တော်ဗိုက်ဆာနေပြီး bossလည်းဗိုက်ဆာနေပြီးမလား မနက်ကမနက်စာစားမလာဘူးလေသွားကြမယ် "

အာဏာပုံစံက အရမ်းကိုပျော်ရွင်ပြီးတက်ကြွတဲ့ကြ က်ဖဖြစ်နေလေရဲ့ LAမှာတုံးကကြတော့လည်း သူဋ္ဌေးသမီးတွေကိုတောင်ငြင်းလွတ်လို့ အကုန်လုံးမျက်ရည်နဲ့မျက်ခွက်ဖြစ်သွားခဲ့ရသေးတယ် ခုကြမှကောင်းထက်နဲ့ကြမှတန်းတန်းဆွဲ ဖြစ်နေလေရဲ့ သူများသာပြောနေတာ ငါလည်းဘာထူးလည်း မြို့ဝန်သမီးတောင်ငြင်းခဲ့သေးတာပဲ ကိုကိုရှိနေရင်ပြီးပြည့်စုံနေပြီးမလို့လေ

ရုံးခန်းကနေထွက်လာပြီး စားမဲ့ဆိုင်မှာသွားစောင့်နေလိုက်တယ် ကိုကို တို့က အစည်းဝေးမပြတ်သေးလို့ကြာမယ်တဲ့လေ ဆိုင်မှာပဲစောင့်နေဆိုလို့ စားသောက်ဆိုင်ကိုသာဦးတည်သွားလိုက်တယ် ပျင်းတာနဲ့ ဖုန်းသုံးရင် စားသောက်ဆိုင်ကစားပွဲပေါ်ကိုလက်တင်ပြီး ရေခွက်ကိုင်ထားတဲ့ပုံကိုရိုတ်ပြီး လိုင်းပေါ်တင်လိုက်လေတယ် စာသားလေးက

"ကိုကိုမရှိတဲ့ တစ်စက္ကန့် ဟာနှစ်ပေါင်းထောင်ချီအောင်ကြာမြင့်နေသလိုပါပဲ အနားမှာဘယ်သူမှမရှိတော့အထီးကျန်လှပါတယ်ဆိုတဲ့စာသားနဲ့ပင်"

My Brother is Mine (Completed)Where stories live. Discover now