လက်ဆောင် 15 uni /zg

1.9K 106 3
                                    

သော်ထွက်သွားခဲ့တာ2နှစ်ဆိုတဲ့အချိန်ကိုတောင်ကျော်လွန်ခဲ့ပြီး ဒီးကြားထည်းမှာအလုပ်​တွေများနေပေမဲ့သော်ကရှိင်းကိုအဆက်အသွယ်တစ်ရက်လေးတောင်မပျက်ခဲ့ပေ မနက်စာစားချိန်ကောနေလည်စာအချိန်ကောညအိပ်ချိန်အထိပါဖုန်းခေါ်သည်မှာသော်အတွက်အကျင့်တစ်ခုလိုတောင်ဖြစ်လာခဲ့တယ်

အချိန်မတူပေမဲ့အချိန်ကိုမှန်းဆနိုင်တာကြောင့် သော်ဖုန်းဆက်အချိန်တိုင်းကရှိင်းအတွက်အချိန်ကိုက်ဖြစ်သည်။ သော်LA ကိုစသွားတည်းက ရှိင်းကအရင်းအနှီးထုတ်ပေးခဲ့သည် ဒါပေမဲ့ အဲ့ပိုက်ဆံတွေကိုသော်တစ်ပြားတစ်ချက်တောင်မထိခဲ့ပေ မထိခဲ့တာထက်မထိရက်ခဲ့သည်ဆိုပိုမှန်ပေလိမ့်မယ် နှစ်ကာလအားဖြင့်လည်း 2နှစ်တာကျော်လွန်လာခဲ့ပြီး သော်သည်လည်း LA မှာကုမဏီတစ်ခုကိုထူထောင်နိုင်ခဲ့ပြီးဖြစ်သည်

လွမ်းရသည်နေတိုင်းဖုန်းနဲ့သာအလွမ်းဖြေနေခဲ့တာ ခုတော့ကိုကိုစီပြန်လာဖို့အချိန်ရောက်လာခဲ့ပြီးလေ နေစဥ်ရက်ဆက်စောင့်နေခဲ့ရတဲ့နေ့ရက်လေးပေါ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကိုကို "

"ပြောလေသော် "

ညအိပ်ခါနီးတိုင်းဘယ်လောက်ပင်အလုပ်ရူပ်နေသည်ဆိုပေအုံး vc ဖွင့်ပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအလုပ်လုပ်တတ်ကြသေးသည်

"မနက်ဖြန်ကြရင်လေ လေဆိပ်ကို ကိုကိုသွားပေးလို့ရမလား "

"လေဆိပ်ကိုဘာလုပ်ဖို့လည်းသော် "

"ဟိုလေ မနက်ဖြန်ကြရင်သော်အသိတစ်ယောက်ပြန်လာမှာမလို့ကိုကိုသွားကြိုပေးနိုင်မလားလို့ပါ "

"ရတယ်လေသော်မနက်ဖြန် ကိုကိုသွားကြိုပေးမယ် ဒါနဲ့သော်အလုပ်တွေကော်အဆင်ပြေရဲ့လား "

"ပြေတယ် ကိုကို သော်ဒီးမှာအလုပ်တွေအကုန်အခြေကျနေပြီးနောက်တစ်လလောက်ကြရင်သော် မြန်မာကိုပြန်လာပြီ ကုမဏီလုပ်ငန်းတစ်ခုထူထောင်ပြီး ​သော်အပြီးပြန်လာတော့မှာ ကိုကို "

Vc. ပြောနေရင်းသော်စီကပြန်လာတော့မယ်ဆိုတဲ့စကားကြောင့်ရှိင်းမျက်လုံးတွေအရောက်လက်လာသည်

My Brother is Mine (Completed)Where stories live. Discover now