လက်ထက်ပွဲနေ့ uni/zg26 ဇတ်သိမ်းပိုင်း

2.4K 79 6
                                    

"မောင် ကိုကို့ ကိုခိုးပြေးလာတာ"

"ဘယ်လို"

"မောင် မင်းဘာတွေပြောနေတာလည်း"

ထိုအချိန်မှာပဲဂါဝန်အဖြူဝတ်ထားတဲ့ ကလေးမလေးနှစ်ယောက်က အဖြူရောင်နှင်းဆီပွင့်ချပ်တွေကို ကျဲ ပြီး အရှေ့ကိုလျှောက်သွားတယ် ပင်လယ်ရဲ့လိူင်းပုတ်သံတွေကလက်ထက်ပွဲအတွက်တေးဆိုပေးနေသလို လေပြေတွေတစ်ချက်တိုက်သွားတိုင်း နှင်းဆီနံတွေပါရလာတယ်

"ဒီမှာဘာတွေဖြစ်နေတာလည်း"

"မောင်လက်ကိုတွဲထား မောင်ကိုယုံကြည်လိုက်"

"အင်း"

ပန်းတွေနဲ့အလှဆင်ထားတဲ့ ဗီးနိုင်းရဲ့ရှေ့အထိရောက်အောင်သွားလိုက်တယ် အဖြူရောင်ဂါဝန်ဝတ်ထားတဲ့ကလေးမလေးက ပန်းစီးအဖြူလေးကိုရှိင်းကိုလာပြီးပေးလာတယ် အစီစဥ်တင်ဆက်တဲ့လူကခန့်အာဏာ

"သတို့သားသော်ဇင် ဘယ်လိုအခြေနေမျိုးမဆို ရှိင်းထက်ကိုလက်တွဲထားနိုင်ဖို့သစ္စာပြုပါသလား"

"သစ္စာပြုပါတယ်"

"သတို့သား ရှိင်းထက် ဘယ်လိုအခြေနေမျိူးမှာမဆို သော်ဇင်ကိုလက်တွဲမဖြုတ်ပါဘူးလို့ သစ္စာပြုပါသလား"

"သစ္စာပြုပါတယ် "

"မဂ်လာပွဲအထမြောက်သွားပါပြီး "

"ကိုကို "

"ဟင်"

"မောင်ဘာလို့ လက်ထက်ပွဲကို ပင်လယ်မှာလုပ်တာလည်းသိလား"

"ဟင့်အင်း"

"မောင်တို့ပထမဆုံးတွေ့တာဒီပင်လယ်မှာပဲလေ တွေ့ဆုံခြင်းကမလှပပေမဲ့ အဆုံးသတ်ကိုတော့မောင်ကလှပအောင်လုပ်ပေးပါမယ် ပင်လယ်က အဆုံးမရှိဘူး ကိုကို ကောင်းကင်ကကြယ်တွေကလည်းမပျောက်ကွယ်နိုင်သလိုသေဆုံးလည်းမသွားဘူး ထာဝရတည်ရှိနေမှာ ကိုကိုပေါ်ထားတဲ့မောင်အချစ်တွေဟာလည်း ပင်လယ်ရေတွေကမခမ်းနိုင်သလို ပဲမပျောက်ကွယ်နိုင်တဲ့ အဆုံးမဲ့တဲ့အချစ်တွေနဲ့ချစ်တယ် ကိုကိုမရှိရင်သေမှာပါ မရှင်နိုင်ပါဘူးဆိုတဲ့စကားတွေမောင်မပြောတော့ဘူး ကိုကိုက မောင်ရဲ့အလင်းရောင်မလို့ ကိုကိုမရှိရင်မောင်ကအသက်မဲ့နေမှာပဲ ဒါတွေကိုမောင်ကအနာဂတ်မှာသက်သေပြပါမယ် "

My Brother is Mine (Completed)Där berättelser lever. Upptäck nu