အထင်လွဲ ခြင်း 18 uni/zg

2.2K 97 5
                                    

ကားပေါ်ကနေအိမ်ရောက်တဲ့အထိရှိင်းကစကားတစ်လုံးမှပြောမလာပေ အေးစက်နေတဲ့လေထုအခြေအနေကြီးကိုသော်ကပဲဖြိုခွင်းလိုက်ရတယ်

"ကိုကို ခုနကကော်ဖီကိစ္စကလေ မောင်တမင်လုပ်လိုက်တာမဟုတ်ပါဘူး သူအရင်လာစတော့မောင်သည်းမခံနိုင်တော့လို့ပြန်လုပ်မိတာပါ ကိုကိုမောင်တောင်းပန်ပါတယ် ကိုကိုအဲ့လိုကြီးငြိမ်မနေပါနဲ့မောင်မနေတတ်လို့ပါ ကိုကိုရယ် "

"မောင်.. မင်းနောင်တရလား"

"ဘာအတွက်လည်းကိုကို "

"ငါကိုရွေးချယ်ခဲ့လို့ ငါကမင်းလိုချင်တဲ့အရာအားလုံးကိုမပေးနိုင်ဘူး ကလေးလည်းငါမွေးမပေးနိုင်ဘူး ငါကိုချစ်ခဲ့မိလို့နောင်တရလား "

"ကိုကို!! မောင်ကအဲ့လိုလူစားမျိုးလားကိုကို ကိုကိုမောင်ပြောမယ် မောင်ဘဝမှာရွေးချယ်​ပြီးသားတွေကိုဘယ်တော့မှနောင်တမရဘူးအထူးသဖြင့်ကိုကို ကို့ချစ်ခဲ့လို့တစ်ခါမှနောင်တမရဘူး ပြီးတော့မောင်က ကလေးမချစ်ဘူးကိုကို မောင်ချစ်တာကိုကိုတစ်ယောက်ထည်းကိုပဲ"

သော်စကားကြောင့်ရှိင်းကိုယ်လေးတုံတတ်သွားတယ်

"မောင် ချစ်တယ် ကိုကို မောင်ကိုချစ်တယ် ဒါကြောင့်လေ ကျေးဇူးပြုပြီး ကိုကို ကိုယ်ထားမသွားပါနဲ့လားမောင်ရယ် "

သော် ရှိင်းကိုရင်ခွင်ထည်းဆွဲပွေ့လိုက်တယ် ဘာကြောင့်များကိုကို ငိုနေရင် ရင်တွေတစ်စတစ်စနာကျင်ရနေတာပါလိမ့် ကိုကိုမျက်ရည်တွေကမောင်ရင်ကိုဓားနဲ့ထိုးစိုက်နေသလိုပါပဲ

"မောင်ကပိုချစ်တယ် ကိုကို လောကကြီးကဆိုးသွမ်းပြီးညစ်ညမ်းနေတာမလို့ ကိုကိုကမောင်ကိုပဲကြည့်နေပေးပါ ဘယ်သူတွေဘာပဲပြောပြောမောင်ကိုပဲချစ်နေပေးပါကိုကို မောင်အတ္တကြီးပါရစေ "

ခနတာတိတ်စိတ်သွားတယ်ခုနကလေထုနဲ့မတူတော့ပဲချက်ချင်းကိုနွေးထွေးတဲ့လေထုကိုပြောင်းလည်းသွားလေရဲ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အကိုလေးခုနက ကိစ္စကလေbossအမှားမဟုတ် ဟုတ်...."

အာဏာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပင်စောင့်တတ်ချင်သွားတယ်ခုနကအထိတော့ကားပေါ်မှာလေထုကအေးဆက်နေလိုက်တာများရေခဲတိုက်ကတောင်အဖေခေါ်ရနိုင်ကိန်းရှိသည်ခုကြတော့လည်းကပ်နေကြသည်မှာခွာလိုပင်မရသည့်ပုံပင်

My Brother is Mine (Completed)Where stories live. Discover now