အပိုင်း ၃၃

8.5K 684 58
                                        

Unicode

သူတို့နှစ်ဉီးသည် တစ်ယောက်ကိုတစ်ယောက် အေးစက်လှသည့် အကြည့်များဖြင့် အကဲခတ် မှန်းဆနေကြလျက်ရှိပြီး ...အလားတူ သီးသန့်ခန်း အတွင်းရှိ လေထုသည်လည်း အေးစက်၍တောင့်တင်းလျက်။

ဆိုဖာထိုင်ခုံပေါ်တွင် ဟန်ပါပါဖြင့်ထိုင်နေသည့် စူးရှခက်ထန်လှတဲ့အကြည့်ပိုင်ရှင်က တိတ်ဆိတ်အေးစက်နေပါသော အခန်းအတွင်းရှိလေထုကို စတင်ဖြိုခွင်းလိုက်ကာ အခန်းဝင်ပေါက်တွင် ရပ်နေသည့် မျက်နှာသေ အမူအရာမဲ့ ကောင်လေးကို စတင်၍စကားဆိုလာ၏။

"သားယွင်...လာထိုင်လေ...အဲ့မှာရပ်မနေနဲ့..."

ကျိုးယွင်သည် ထိုလူ၏ စကားဆုံးသည်နှင့် ရပ်နေသည့်နေရာမှ လျောက်လှမ်းလာခဲ့ပြီး
ထိုလူ၏ ရှေ့ဆိုဖာတွင် ဝင်ထိုင်လာသည်။

"ကယ်...အခု တွေ့ဆုံမှုမှာ ပြောချင်တဲ့ စကားက... ပထမကစဉ်းစားလာခဲ့တဲ့ မေးခွန်းတော့ မဟုတ်လောက်တော့ဘူး မို့လား..."

ကျိုးယွင်က သူ့ကို စူးစိုက်အကဲခတ်နေသည့်ထိုလူ၏ အကြည့်များကို ပြန်လည်ခြေပကြည့်ရှု့လာပြီး ပြောလာ၏။

"ထျန်းရူရူး ...သိချင်တဲ့မေးခွန်း​ကိုမေးရဖို့အတွက်...ကျွန်တော်က...ဉီးလေးကို...ဉီးလေးထျန်းလို့ နာမ်စားသုံးရမှာ မဟုတ်လား...ဒါမှမဟုတ်...ဉီးလေးထန်း ဘက်က အဖေလို့ ခေါ်မိစေချင်တာများလား...."

ထိုလူသည်ကား သူလုံးဝထင်မှတ်မထားသည့်
ကျိုးယွင်၏ ပထမဉီးဆုံး အမေးစကားတစ်ခုကြောင့် မျက်မှောင် တစ်ချက်ကျုံ့လိုက်မိသော်လည်း ထိုအမေးစကားကိုပင် နှစ်ခြိုက်သဘောကျသွားရသည့်အတွက် ခပ်ဟဟ ရယ်မောလာခဲ့သည်။

"ဟား....ဟားးးး"

"......"

" ကျိုးသခင်ငယ်လေး...
ငါ့ဘက်က မင်းကို လျော့တွက်မိလိုက်တာပဲ...ကျိုးယွင်...မင်းက ငါထင်ထားတာထက်တောင်...ခန့်မှန်းရခက်တဲ့ ကောင်လေးပဲ...မင်းကိုတွေ့ဖို့ ငါ့ဘက်က စပြီးကမ်းလှမ်းလိုက်တာ လုံးဝမမှားရှိဘူးပဲ..."

ကျိုးယွင်သည်က သူ့၏ ရှေ့တွင် သဘောကျ နှစ်ခြိုက်စွာ အားရပါးရရယ်မောနေသည့် ဖခင်ဖြစ်သူနဲ့ ခွဲမရအောင် အစစအရာရာချွတ်စွက်တူနေပါသည့် ဉီးလေးဖြစ်သူအား မည်သည့်စကားမှ ထပ်မဆိုသေးဘဲ အကဲခတ်ကြည့်ရှုနေမြဲသာ...

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now