အပိုင်း ၃၄

7.6K 599 72
                                    

Unicode

ကျိုးစံအိမ်တော်၏ အနောက်ဘက်ဉယျာဉ်အတွင်းပိုင်းရှိ ဒန်းပေါ်တွင်ထိုင်ကာ အတွေးနယ်ချဲ့နေလေသည့် သူတစ်ဉီးရှိလေ၏။ သည်တစ်ခါတွင်တော့ ထိုလူသည် ကျိုးယွင် ဟုတ်မနေခဲ့ပါချေ။
ထိုသူသည်ကား ရှောင်ဟန်သာ ဖြစ်နေလေသည်။

ရှောင်ဟန်သည် သူ့လက်ထဲက ကြောင်ဖြူလေး
snowကို ခပ်ဖွဖွပွတ်သတ်ပေးလျက်ရှိကာ အတွေးနယ်ချဲ့လျက်ရှိသည်။

ရှောင်ဟန်၏ မျက်နှာ အမူအရာသည်ကား အသက်မသွင်းထားသည့် သက်မဲ့ အရုပ်ကလေး တစ်ရုပ်လို အမူအရာမဲ့ မှိုင်တွေစွာဖြင့် ပန်းခင်းများကိုသာ ကြည့်ရှု့နေလျက်ရှိသည်။

ရှောင်ဟန်၏ အတွေးများက မည်မျှလောက် နယ်ကျွံနေခဲ့သည်လည်း မသိပါချေ...သူသည် သူ၏ လက်ထဲတွင် ပွတ်သတ်ပေးနေပါသည့် ကြောင်ဖြူလေးက သူ့လက်ထဲမှ ခုန်ဆင်းသွားတာကိုတောင် သတိမမူမိလိုက်ပေ။

တကယ်တမ်းတွင်တော့ ကြောင်ဖြူလေး ခုန်ဆင်းသွားရခြင်း၏ အဓီက တရားခံသည် ကျိုးယွင်သာ ဖြစ်ပေသည်။

Snowသည် သူ့အပေါ် မကြင်နာသည့်အပြင် စိတ်အလိုမကျသည့်အခါများတွင် အမြဲကန်တတ်ပါသည့် ကျိုးယွင်ကို မြင်လိုက်ရ၍သာ ယခုလို
ထွက်ပြေးခုန်ဆင်းသွားရခြင်းဖြစ်သည်။

တိတ်ဆိတ်နေပါသည့် ဉယျာဉ် အတွင်းပိုင်းရှိလေထုကို ကျိုးယွင်၏ သြရှရှ လေသံက ဖြိုခွင်းလိုက်လေသည်။

"ရှောင်ဟန်ကော...တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလည်း...ကျွန်တော် ကောကို မတွေ့လို့လိုက်
ရှာနေတာ...ကောက ဒီရောက်နေတာကို..."

ကျိုးယွင်ရဲ့ အသံကြားမှ ရှောင်ဟန်က ကျိုးယွင်ရောက်လာမှန်း သတိထားမိတော့သည်။
ရှောင်ဟန်က ကျိုးယွင်ထိုင်လို့ရအောင် ဘေးတစ်ဖက်ကို တိုးပေးပြီး ထိုင်ဖို့နေရာပေးလိုက်သည်။

ရှောင်ဟန်က ကျိုးယွင်ကို အပြုံးလေးစွက်ပြီး ပြောလာခဲ့သည်။

"အင်...ဟုတ်တယ်...ကော ပျင်းလို့ ဒီနေရာမှာ လာထိုင်နေတာ...ကောကို လိုက်ရှာရလို့... အားယွင်လေးကို ပင်ပန်းစေမိပြီ..."

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now