အပိုင်း (၃)

11.5K 1.1K 11
                                    

Zaw...

တစ်လကြာပြီးနောက်...

"မိုးရေ ဒီနေ့လည် အကတိုက်ဖို့ရှိတယ်နော်.."

"အေးဟေ့.."

အခန်းရှေ့မှဖြတ်သွားသော မမဖူးဝေက အကတိုက်ရမဲ့ လူတွေအား လိုက်လံအသိပေးလျှက်ရှိသည်။..

"မမဖူးဝေ.."

သျှမ်က အခန်းရှေ့က ပြန်ထွက်ရန်ပြင်နေသော မမဖူးဝေအား လှမ်းခေါ်လိုက်တော့ မမဖူးဝေက ခြေလှမ်းတွေရပ်ပစ်ခါသျှမ့်အား ပြုံးပြသည်။

"ပြောလေ သျှမ်လေး.."

မမဖူးဝေပုံက အနည်းငယ် လောနေသည့်ဘက်ကို ​ရောက်နေသည်..။ နာရီကိုလည်း ခဏခဏငုံ့ကြည့်လျှက်...

"အာ..ကျွန်တော်ကရော.."

ထိုအခါမှ မမဖူးဝေက အနည်းငယ် အားနာသလိုဖြစ်သွားသော အပြုံးဘက် ကူးပြောင်းသွားလေသည်..။

"အာ..အဲ့တာက​လေ သျှမ်လေးရဲ့.. သျှမ်လေးက ဒဏ်ရာရထားတာမကြာသေးဘူးလေ.. ဘဲလေးကမဲ့သူတစ်ယောက်က ခြေထောက်တွေကို အထူးဂရုစိုက်ရမယ်လေ အဲ့တာကြောင့် အနေသက်သာအောင် အမက ပျက်ကွက်ဇယားမှာ cancel လုပ်ပေးထားတယ်.."

"ကျွန်တော် အဆင်ပြေနေပါပြီ.."

မမဖူးဝေက သက်ပြင်းဟူးခနဲချသည်..။သျှမ့်ပုခုံးလေးကိုပုတ်ရင်း...

"အမပြောပြမယ် နားထောင်အုံး ။ သျှမ်လေး.. အကယ်၍များ မတော်တဆတစ်ခုခုဖြစ်ရင် တာဝန်ယူထားရတဲ့ အမလည်း မကောင်းဘူး သျှမ်လေးနှစ်သက်တဲ့ အကနဲ့လည်း ထာဝရဝေးသွားနိုင်တယ်.."

ထိုအခါ သျှမ်က မှိုင်မှိုင်ကလေးခေါင်းညှိမ့်ပြတော့ မမဖူးဝေက သဘောကျစွာ ပါးတစ်ဖတ်အား ညှစ်ဆွဲသွားလေသည်..။

"ကဲ..အမ သွားအုံးမယ် နားနေတဲ့ကာလအတွင်း အားရှိအောင်နေ.."

"ဟုတ်.."

........

သျှမ်က အနုပညာမေဂျာက ကျောင်းသား တစ်ယောက်ဖြစ်သည်..။

အမှတ် ၅၀၀ကျော် ၆၀၀နီးပါးဖြင့် စာမေးပွဲ အောင်ခဲ့ပြီး ဆရာဝန်လိုင်းရခဲ့သော်လည်း စာကျက်ရမှာပြင်းသည်ဟုဆိုပြီး ဆရာဝန်မလုပ်ပါဘူးဟု အိမ်နဲ့အတိုက်အခံလုပ်ခါ ဝါဿနာပါသည့် အနုပညာကိုသာ သင်ယူခဲ့သည်..။

Reborn In 1900.s2 {Complete}Où les histoires vivent. Découvrez maintenant