အပိုင်း (၁၂)

10.5K 938 14
                                    

Zaw...

နံနက်ခင်းသည် တိမ်ဆိုင်တိမ်လိပ်တွေကြားမှ ဖောက်ထွက်ဟန်ပြုနေသော နေရောင်လက်တံများသည် ရေဘဝဲ လက်များသဖွယ် များပြားထွေပြားစွာ..

မြန်မာပြည့်ရဲ့ နေ့တာ အပူချိန်အရ နံနက် ၈နာရီဆိုသော အချိန်သည် ဆက်အိပ်ရန် မသင့်တော်တော့သည့် ပူစပ်စပ်အနေအထားဖြစ်လေသည်..။

ချွေးစတို့ နှဖူးထက်၌ ဝဲပျံနေလာသောအခါ လူကအော်တိုနိုးလာပြီမို့ အိပ်ချင်မူးတူးဖြစ်နေသေးသော မျက်လုံးတို့ကို လက်ဖြင့် ဖိပွတ်လိုက်မိသည်...။

ဘေးကအိပ်ယာထက်မှာ ခင်ပွန်းဖြစ်သူ သူ့ရဲ့ ဦးတည်ရှိမရှိကို လှမ်းကြည့်မိတော့ နေရာလွတ်သာတွေ့လိုက်ရသည်..။ စိတ်ထဲအနည်းငယ် အလိုမကျဖြစ်သွားပေမဲ့ ခဏတာသာ ညက ဖြစ်ပျက်ပုံကို ပြန်တွေးမိသဖြင့် မရှိတာဘဲ ကောင်းသည်ဟူသော အတွေးနှင့်အတူ ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း လူးလွန့်နေမိသည်...။

ကိုယ်ပေါ် အင်္ကျီကလည်း မရှိတော့သဖြင့် ညက ဘယ်လောက်ထိတောင် သောင်းကျန်းထားကြသလဲဆိုတာ သျှမ် ပြန်တွေးရင်းပင် ရှက်နေမိတော့သည်...

"အင်း.. ဘာလို့လဲ... တကယ်ပါဘဲ.. ဦးတည်မကောင်းဘူး.."

ခါးက နားနေသည့်အရှိန်ကြောင့် အရမ်းလဲ မလှုပ်ရှားရဲ ခြေထောက်တွေကိုသာ ဆောင်အောင်ထဲ လှုပ်ရမ်းနေမိသည်။
လက်တွေကလဲ ခေါင်းပေါ်တင်ခါ ဆံပင်တွေထဲလျိုရင်း ဟိုထိုးဒီထိုး....

ထိုစဉ် ဝမ်းလျားမှောက်ထားသော ကိုယ့်အပေါ် ပိကျလာသော လေးလံသည့် အရာကြီးက ဘာများလဲ?  ဘာများလဲ? ဆောင်ထဲမှခေါင်းဖော်ခါ ကြည့်မိတော့ အပ်နေသည့် မျက်နှာနှစ်ခုက ထိမိတော့မလို့ လက်တစ်လုံးကြားအလို...

" ! "

ကြောင်တောင်တောင်လေးနဲ့ ဦးတည်ရဲ့ချောမော သန့်ပြန့်နေသည့် မျက်နှာအား ငေးကြည့်နေမိသည်.. ဦးတည်ရဲ့ မျက်လွှာတွေက ကျွန့်တော့်ထံ စီးချင်းထိုးကြည့်လို့ပါလား... အတန်ကြာအောင် ငေးမောနေပြီးမှ...

"ဦးတည်..."

"ကိုယ်တို့ ထပ်လုပ်လို့ရမလား.." ဟု ဆိုပြီး နှာခေါင်းလေးအား သူ့နှုတ်ခမ်း အိအိတွေနဲ့ လာ၍ နမ်းသည်ကြောင့် ကိုယ့်မှာ နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချသလို တစ်ကိုယ်လုံး ဓာတ်လိုက်သွားရသည်။

Reborn In 1900.s2 {Complete}Where stories live. Discover now