အပိုင်း (၁၀)

10.9K 947 7
                                    

Zaw...

"ဘယ်လို... !"

"တကယ်တော့ ဦးတည်နဲ့ သားက..."

"တော်စမ်း သျှမ်ညီသွေး.."

"ဟမ့်..မာမီကတော့ perfect ဘဲ အပြည့်အဝထောက်ခံတယ် ဘယ်ဟိုတယ်မှာ booking စချိတ်ရမလဲ... စီဒိုးနားလား.. ကရဝိတ်လား.. ဒါမှမဟုတ် ကန်တော်ကြီး ပဲ​လေ့စ်လား.."

သျှမ့် မာမီကတော့ အတော်လေး သဘောကျနေဟန် တူပါသည်..။မိဘတွေရှေ့ ခွေခွေလေးထိုင်နေတဲ့ သူတို့သားရယ် သားရဲ့လက်တွဲဖော်ဆိုသူရယ်...

"ဒေါ်လှအိမ်သူဇာ ခင်ဗျားသား အရင်ကလည်းဘာဖြစ်ထားသလဲ မှတ်မိလား တဖတ်လူက စေ့စပ်ပွဲဖျတ်တဲ့အထိဘဲနော်..."

..."အန်ကယ်... ကျွန်တော်တို့က တကယ် ချစ်တာပါ.. အမွှေစိန့်ကိုလည်း လက်ထပ် တောင်းရမ်းမှာပါ.. အဲ့အတွက် အချိန်မစောတော့ပါဘူး.. ပြီးတော့ ကျွန်တော်တို့နှစ်ယောက် သိကျွမ်းခဲ့တာ အရင်ဘဝကစတယ်လို့များ သတ်မှတ်ရမလား..."

"ဘာကွ!"

"ဖေကြီး.. သမတ်လေးမျက်နှာကိုထောက်ပါအုံး. သား လုံးလုံးရဲ့ ​ကျေးဇူးရှင်လေ.."

"အေး.. ဖအေ တယောက်အနေနဲ့တော့ မဖြစ်သင့်တာကို တားရမှာဘဲ... နှစ်ခါ အရှက်ကွဲ မခံနိုင်ဘူး.."

ဖေကြီးက တကယ် ဒေါသထွက်နေပြီမို့ ဒေါ်လှအိမ်သူဇာ နည်းနည်းတော့ မျက်ခုံးကလှုပ်ချင်သည်...။

သျှမ်က ခေါင်းကိုတွင်တွင်ခါရင်း ကျစ်ဆုတ်လိုက်သည်..။

"ကျစ်..ဒယ်ဒီ..ဒယ်ဒီယုံမလားတော့မပြောတက်ပေမဲ့ သား ဆေးရုံပေါ်မှာ ရှိနေတဲ့ ကာလပတ်လုံး သား ဦးတည်ရဲ့ကမ္ဘာကိုရောက်သွားတယ်.. ဦးတည်နဲ့တွေ့တယ်.. သားတို့ ချစ်ခဲ့ကြတယ် အခက်အခဲတွေကိုအများကြီးကျော်ဖြတ်ခဲ့ရတယ်.. ဒါပေမဲ့ ဦးတည်အချစ်ကိုရပြီး မကြာခင်မှာဘဲ ဦးနှောက်ကင်ဆာနဲ့ သေသွားတယ်.. happy ending မဟုတ်ခဲ့ဘူး ဒယ်ဒီ.. အင်း.. ဒါပေမဲ့ ဒီ ဘဝက စလို့ သား ဦးတည်နဲ့ပတ်သတ်ပြီး happy ending ဘဲ ဖြစ်အောင် ကြိုးစားတော့မှာ... ဒယ်ဒီမကန့်ကွက်နဲ့.."

ဒယ်ဒီရော မာမီရောကပါ မျက်ခုံးကြုတ်လာလေသည်။သျှမ်ကတော့ မျက်ရည် စမ်းတမ်းစမ်းတမ်းနှင့်...

Reborn In 1900.s2 {Complete}Where stories live. Discover now