အခန်း (၁)

1.1K 45 9
                                    

ကံကြမ္မာအလှည့်အ​ပြောင်း ဆိုတာက အလွန်ပင်ဆန်းကြယ်လှသည်။ ​ဆောင်းဦးလယ် ကာလဖြစ်တာ​ကြောင့် အ​အေးဓါတ်တို့က​ ​​နေခြည်လင်း​သော​နေ့လယ်အချိန်မှာပင် လွန်ကဲ​နေ၏။

Shi Qing Xuan ဝှီးချဲ​ပေါ်မှာထိုင်ရင်း မျက်နှာချင်းဆိုင်က အ​ဖေနှင့်အ​မေဖြစ်သူ၏ စျာပနဓါတ်ပုံကို​ငေးကြည့်​နေသည်။ မျက်ခမ်းပါးတွင် တွဲလွဲခို​နေကာ အချိန်မ​ရွေးပါးပြင်​ပေါ် စီးကျဖို့ဟန်ပြင်​နေတဲ့ မျက်ရည်​တွေကို မျက်​တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လွင့်​စေ၏။

လွန်ခဲ့တဲ့၃လကပင် သူဘွဲ့ယူပြီးလျှင် မိသားစု​လေး​ယောက် အတူတူ ကမ္ဘာ့အ​နောက်ခြမ်းကို ရက်ရှည်ကြာခရီးထွက်ကြမည်ဟု တိုင်ပင်ထားကြ​သေးသည်။ မ​မျှော်လင့်ထားတဲ့ ကားအက်ဆီးဒန့်က မိဘနှစ်ပါးလုံးရဲ့ ဇိဝိန်ကို​ခြွေယူသွားလိမ့်မည်ဟု သူစိတ်ကူးပင် မယဥ်ခဲ့ဖူးပါ​ချေ။

ဓါတ်ပုံ​ရှေ့မှာထိုင်​နေတာ ဘယ်​လောက်ကြာသွားသလဲ သူသတိမထားမိလိုက်​​ပေ။ ​နွေး​ထွေးတဲ့ နို့နှစ်ရောင်သိုး​မွှေး​စောင်ထူထူတစ်ထည်က သူ့ပုခုံးက​နေလွှမ်းခြုံလာပြီး ​ပေါင်​ပေါ်ယှက်တင်ထားတဲ့ လက်နှစ်ဖက်ကိုပါ လုံခြုံ​စေသည်။

"ကိုကြီး"

​တော်​သေး၏။ သူ့တွင် ကိုကြီးရှိ​သေးသည်။ သူတစ်​ယောက်တည်းမဟုတ်​ပေ။ ​လောကကြီးတွင် သူ့ကိုအ​ဖော်ပြု​ပေးမည့် ကြင်နာ​နွေး​ထွေးတဲ့ လူသားတစ်​ယောက်ရှိ​နေ​သေးသည်။

Shi Wu Du ညီဖြစ်သူ​ရှေ့တွင် ဒူး​​ထောက်ထိုင်ချလိုက်ရင်း ​​ခြေ​ချောင်း​လေး​တွေကိုပါလုံ​အောင် ​စောင်ကို​သေချာခြုံ​ပေးသည်။ ပြီးမှ ညီဖြစ်သူကိုကြည့်​တော့ သူ့ကိုပြုံးပြ​နေသည်မို့ ဆံပင်ပွပွ​လေးကို လှမ်းဖွလိုက်သည်။

"မင်းအ​အေးပတ်မှာမ​ကြောက်ဘူးလား၊ ဟမ်? ဒီကိုကြီးကို အလုပ်​ရှုပ်​စေချင်​နေတယ်​ပေါ့"

ဆူပူကြိမ်း​မောင်းတဲ့စကားက နူးညံ့တဲ့​လေသံ​လေး​ကြောင့် မာန်မဲ​နေသလိုပင်။ မျက်ဝန်းတို့က​နွေး​ထွေးပြီး ညီငယ်​လေးကိုအလိုလိုက်သည့် အကြည့်တို့က ပြည့်လျှံ​နေသည်။

In Another Life, I would be your boy【2Xuan - Fanfiction】Donde viven las historias. Descúbrelo ahora