ပတ်တီးဖြည်ပြီးနောက်မှာတော့ Shi Qing Xuan ကျောင်းပြန်တက်ဖို့အတွက် ပြင်ဆင်ခဲ့သည်။ အထက်တန်းပထမနှစ် ဂျူနီယာအဆင့်ဖြစ်တာကြောင့် စာတွေကသိပ်မခက်ပေမယ့် ၁လကျော်ကြာ၂လနီးပါး ပျက်ကွက်မှုက စာသင်နှစ်တစ်ဝက်ရဲ့ စာတစ်ဝက်ကို လစ်လပ်သွားစေသည်။ မြို့တော်ဝန်လောင်းရဲ့ ညီငယ်လေးဖြစ်တာကြောင့် ကျောင်းအုပ်ချုပ်ရေးပိုင်းက သူ့ကိုအထူးအခွင့်အရေးပေးထားတာဖြစ်သည်။
ထိုင်ခုံဖော်သူငယ်ချင်းဖြစ်သူ Xie Lianကတော့သူဆေးရုံဆင်းပြီး နေစကောင်းတည်းက အမြဲပင်ဖုန်းခေါ်ကာ စာတွေကူးပေးထားကြောင်း၊ အကုန်ပြန်ရှင်းပြမည်ဖြစ်ကြောင်း၊ Noteတွေလုပ်ပေးထားကြောင်း စိတ်မပူဖို့ပြောလေ့ရှိသည်။ ထိုသူငယ်ချင်းလေးနဲ့က ကျောင်းစဖွင့်မှ ခင်မင်ရင်းနှီးတာဆိုပေမယ့် Xie Lianက နူးညံ့ပြီးကြင်နာတတ်သည်။ စိတ်နှလုံးသားကောင်းပြီး တစ်ဖက်တွင်လည်း အတန်းခေါင်းဆောင်ရာထူးနဲ့အညီ ပြတ်သားသည်။ အလျော့မပေးတတ်ပဲ ခေါင်းမာသည်။
မည်သို့ပင်ဖြစ်စေ။ သူတို့၂ယောက်က အချိန်တိုအတွင်းမှာပဲ ရင်းနှီးသွားပြီး သူငယ်ချင်းကောင်းဖြစ်လာခဲ့၏။ Shi Qing Xuanမှာ မိတ်ဆွေသူငယ်ချင်းပေါများပေမယ့် အများစုကတော့ သူတို့မိသားစုအရှိန်အဝါကြောင့်သာ အကျိုးလို၍ညောင်ရေသွန်းကြတာဖြစ်သည်။ ဒါပေမယ့် သူဂရုမစိုက်ပါဘူး။ သူကအားလုံးကိုညီတူညီမျှ လေးလေးစားစား ဆက်ဆံတာဖြစ်တာကြောင့်။
ကျောင်းဝတ်စုံကို သေချာဝတ်ပြီးတော့မှ လွယ်အိတ်ထဲစာအုပ်တွေကိုစစ်ထည့်ကာ မနက်စာစားဖို့အတွက် မီးဖိုခန်းထဲဝင်သွားတော့ သူ့ကိုကြီးက အဆင်သင့်ပြင်ဆင်ပေးထားသည်။ Shi Wu Duကကော်ဖီတစ်ခွက်ကိုသောက်ကာ သတင်းစာဖတ်နေရင်း သူ့ညီလေးဝင်လာတာမြင်တော့ အပူခံပေးထားတဲ့နွားနို့ကိုပေးကာ ပေါင်မုန့်ကိုစတော်ဘယ်ရီယိုသုတ်ပေးနေသည်။
"ကိုကြီး သားပိုက်ဆံအိတ် ကိုကြီးသိမ်းထားတာလား"
"အဲ့တာပျောက်သွားတယ်၊ မင်းလည်းမမေးလို့၊ ငါအသစ်ဝယ်ပေးထားတယ်၊ ရော့"
![](https://img.wattpad.com/cover/284273693-288-k993960.jpg)
ČTEŠ
In Another Life, I would be your boy【2Xuan - Fanfiction】
FanfikceHeaven Offical's Blessing Fanfiction Main Cp : He Xuan × Shi Qing Xuan 🔮🎲 မူရင်း : မော့ရှန်းထုံရှို့လောင်ရှီး၏ ထျန်းကွမ်းစစ်ဖူ ပိုင်ဝူကျင့်ကျိဝတ္ထု