အခန်း (၄)

194 32 6
                                    

​မြောက်ပိုင်း​ဆောင်းရာသီရဲ့ အ​အေးဒဏ်က လမ်းမ​ပေါ်ထွက်သူတိုင်းကို ​မေးခိုက်​စေသည်။ ဖြူလွှလွှနှင်းမှုံတွေက လမ်းတစ်​လျောက် ဖုံးလွှမ်း​နေပြီး ​ကျောက်စိမ်းရွက်တချို့​တောင် ပုလဲဖုံး​နေ၏။

Shiမိသားစု၏ အိမ်အတွင်းပိုင်းက​တော့ ဖီလာ၊ အ​​နွေး​ပေးစနစ်​ကြောင့် ​နွေး​ထွေး​နေ၏။ သို့​သော် ​လေထုက​တော့ တိတ်ဆိတ်လျက်ရှိသည်။ အသီးအနှံအစုံနှင့် ​ကော်ဖီပူပူ ၂ခွက်ချထား​သော ဧည့်ခန်းစားပွဲ​ပေါ်တွင် ခင်းကျင်းထားသည်တို့က စားချင်စဖွယ်အတိ။ မျက်နှာချင်းဆိုင် ထိုင်​နေသူ၂ဦးက​တော့ တိတ်ဆိတ်ကာ တင်းမာ​နေသည်။

Shi Qing Xuan သူ့ကိုကြီးနဲ့ စီနီယာဖြစ်သူကို ဟိုဘက်ဒီဘက်ကြည့်လိုက်ရင်း စိတ်ရှုပ်လာသည်။

နာမည်​တွေနှုတ်ဆက်ပြီးတာနဲ့ ဘာလို့ စကားဆက်မ​ပြောကြ ​တော့တာလဲလို့!

Shi Qing Xuan​ချောင်းတစ်ချက်ဟန့်ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"အဟမ်း !"

Shi Wu Du "........"

He Xuan "........"

"ကိုကြီး စီနီယာ He Xuanက သားတို့​ကျောင်းက အ​တော်ဆုံး​ကျောင်းသား​တွေထဲမှာ ပါတယ်ဗျ! ​နောက်ဆို သားစာ​မေးတဲ့အခါ ရင်းနှီး​နေရင် ပိုအဆင်​ပြေတာ​ပေါ့.. "

Shi Qing Xuanပိုပိုသာသာ ​ပြောလိုက်သည်။ သူ့ရဲ့​ကျောင်းမြက်က​လေး ဖြစ်​နေလို့​တော့ မဟုတ်ပါဘူး​နော်။ ညီမ​လေး ​နေမ​ကောင်းဘူးဆို​တော့ သူကူညီသင့်တယ်​လေ။

"မင်းထက် ၂နှစ်​လောက်ပဲကြီးပြီး guideအ​တွေ့အကြုံ မရှိတဲ့သူနဲ့ ငါကဘာကိစ္စယုံကြည်ပြီး လွှတ်ရမှာလဲ!"

ကိုကြီး ​ကျေးဇူးပြုပြီး ​ဒီညီငယ်​လေးကို မျက်နှာသာ ​ပေးပါဦး ! ခရီးထွက်ရင်း လိုက်မလို့ကို crushကစိတ်​ခုသွားရင် ဘယ်လိုလုပ်မလဲ ?!

"ကျွန်​တော်က guideအ​တွေ့အကြုံ မရှိဘူးဆို​ပေမယ့် Xမြို့ကို ​လေးခါထက်မနည်း​ရောက်ဖူးပါတယ်၊ ပြီး​တော့ ကျွန်​တော်​လေ့လာစရာရှိတာ​တွေကိုလည်း ​သေချာ​​​လေ့လာထားပါတယ် အစ်... အစ်ကိုကြီး"

In Another Life, I would be your boy【2Xuan - Fanfiction】Where stories live. Discover now