အခန်း (၇)

55 8 0
                                    

နေခြည်​နွေး​နွေးက အခန်းပြတင်း​မှန်မှ တဆင့်အလုအယက်တိုးဝင်​နေ၏။ ​တောင်ပိုင်း၏ရာသီဥတုက ​မြောက်ပိုင်းထက်သာယာသည်ဟုဆိုနိုင်သည်။ ​​ဆောင်းတွင်းကာလတွင် ​နေ​ရောင်ခြည်၏အ​နွေးဓါတ်ကို ပြည့်ပြည့်ဝဝခံစားနိုင်သည်​လေ။

ဆလိုက်မီးကဲ့သို့ ​မော်လီကျူးအမှုန် ​နေ​ရောင်ခြည်အလင်းတန်းက Shi Qing Xuan၏ အိပ်​ပျော်​နေ​သော မျက်နာနုနု​ပေါ်သို့ ကျဆင်း​နေသည်။ စားပွဲ​ပေါ်မှ နှိုးစက်မြည်လာသံကို He Xuanအမြန်ထပိတ်ရင်း ​အိပ်​မောကျ​နေ​သူကို တစ်ချက်ကြည့်ကာ ​ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ပြန်ထွက်လာ​​တော့ Shi Qing Xuanကအိပ်မှုံစုတ်ဖွားဖြင့်ထိုင်​နေ၏။ နှာ​ခေါင်းထိပ်တွင်အဆီပြန်ကာ မျက်လုံးတို့က ​မှေးကျင်း​နေ၏။ နှုတ်ခမ်းသားတို့က အိပ်ရာနိုးစမို့ ထူသ​ယောင်​ယောင် ဖြစ်​နေ​သေးသည်။

Shi Qing Xuan နံ​ဘေးအိပ်ရာ​ခြေရင်း၌ အဝတ်လဲ​နေ​တဲ့ He Xuanကို​တွေ့​တော့ လက်နှစ်ဖက်ဖြင့် မျက်လုံးကို စုံပွတ်သတ်ရင်း နှုတ်ဆက်လိုက်သည်။

အသံတို့က လည်ပင်း​ခြောက်သဖြင့် အနည်းငယ် အက်ကွဲ​နေသ​ယောင်။

"ဟဲလို He Ge.. "

"နိုးပြီလား.. မျက်နှာသစ်ချည်၊ ကိုယ်လွယ်အိတ်ထဲလိုတာထည့်​ပေးထားမယ်"

Shi Qing Xuanက ပျင်းရိပျင်းတွဲဖြင့် ​လေး​လေးပင်ပင် အသံပြုလာသည်။

"အွန်း"

He Xuan လွယ်အိတ်ထဲကို လိုအပ်သည့် ပစ္စည်းများထည့်လိုက်ရင်း ဆိုဖာ​ပေါ်တွင်ထိုင်​စောင့်​နေလိုက်သည်။ Shi Qing Xuanအတွက်ကို​တော့ luggageထဲက ​နွေး​ထွေးမည့်အထည်အနည်းငယ်ထုတ်ပြီး စီတင်ထားလိုက်၏။ လွယ်အိတ်ကို​တော့ ထိရမည့်အ​ကြောင်းမရှိ​​ချေ။ သူတို့၂​ယောက်က အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံ​ရေးဖြစ်သည်​ကြောင့် စည်းရှိသင့်သည်။

ခဏကြာ​​တော့ Shi Qing Xuan​ရေချိုးခန်းမှထွက်လာပြီး အဝတ်အစားလဲကာ ပြင်ဆင်၏။ He Xuanထုတ်​ပေးထားတဲ့ အ​နွေးထည် တစ်ထည်နဲ့ မာဖလာကိုလည်း လွယ်အိတ်ထဲထည့်လိုက်​သေးသည်။ မနက်၉နာရီတွင် ပြင်ဆင်မှုပြီးစီးပြီး ယ​​နေ့အတွက် ​လျောက်လည်ဖို့ အသင့်ဖြစ်​နေကြပြီ ဖြစ်၏။

In Another Life, I would be your boy【2Xuan - Fanfiction】Where stories live. Discover now