Cမြို့နှင့် Xမြို့ကိုဆက်သွယ်ထားတဲ့ ရထားလမ်းက ၂ရက်ခရီးခန့်မျှရှည်လျားပြီး ကြားဘူတာအဖြစ်သတ်မှတ်ထားသော မြို့ငါးမြို့ရှိ၏။
Shi Qing Xuan နိုးလာတော့ ညနေလေးနာရီခန့်ပင် ရှိပြီဖြစ်သည်။ မျက်လုံးမဖွင့်ခင် နဖူးကိုရိုက်ခတ်လာတဲ့ ဝင်သက်ထွက်သက်နွေးနွေးက သူ့ကိုနွေရာသီတွင် ရေငတ်တဲ့လူတစ်ယောက်ကဲ့သို့ ပူပြင်းစေသည်။ ကျောင်းမြက်ကလေးက သူ့ဘက်ကိုလှည့်ကာအိပ်နေတာဖြစ်ပြီး သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေသည်လေ။ Qing Xuan မသိလိုက်စွာပင် အသက်ကိုအောင့်မိပြီး ကိုယ်ကိုအနောက်ဘက်သို့ ရို့လိုက်သည်။ ခပ်ဖြေးဖြေးချင်းထထိုင်တော့ တစ်ဖက်လူက လွန့်လူးလာသည်။
အနေရခက်သော အခြေအနေက ရထားတွဲခန်းရှိ စပီကာအသေးလေးမှထွက်လာသော အမျိုးသမီးငယ်လေး၏ အသံချိုချိုကြောင့် ဖရိုဖရဲအခြေအနေသို့ မရောက်ရှိလိုက်ချေ။
စီးနင်းလိုက်ပါလာသော လူကြီးမင်းတို့ရှင့်.. နောက်ထပ် အချိန်၅မိနစ်ကြာ ကုန်ဆုံးပြီးလျှင် ကြားဘူတာ ပထမမြို့သို့ရောက်ရှိပါတော့မည်။ ကြားဘူတာတွင် လူကြီးမင်းတို့စိတ်ကြိုက် အပြင်ထွက်ကြည့်နိုင်သလို ရထားပေါ်မှဝန်ဆောင်မှုကိုသာ လိုချင်လျှင်လည်းရပါတယ်ရှင်။ ရထားပြန်လည်ထွက်ခွာချိန်ကတော့ ညနေ ၆နာရီတိတိဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
အိပ်မှုန်စုံဖွားမျက်လုံးဖြင့် ကျောင်းမြက်ကလေးကို Shi Qing Xuanက အရင်ဦးစွာဆော်သြလိုက်သည်။
"He Ge နိုးပြီလား.. ကြားဘူတာမှာ မုန့်သွားဝယ်စားရအောင်လေနော်!"
သက်ပြင်းချသံ တိုးတိုးကိုတော့ သူမကြားလောက်ဘူးမလား ဟင်?
He Xuanက ခုံကိုပြင်ပြီး ဆံပင်ကိုတစ်ချက်ဖွလိုက်သည်။ ထိုပုံစံက မူလကမောက်မာတဲ့ဟန်ကိုပျောက်စေ၏။ ချစ်စရာပင်ကောင်းသေးသည်။
"အင်း.. မင်းသဘောလေ"
"မစ်တီးဆိုင်ရှိရင်ကောင်းမယ်နော်! ကျွန်တော် ပိန်းဥအရသာသောက်ချင်တယ်"
YOU ARE READING
In Another Life, I would be your boy【2Xuan - Fanfiction】
FanfictionHeaven Offical's Blessing Fanfiction Main Cp : He Xuan × Shi Qing Xuan 🔮🎲 မူရင်း : မော့ရှန်းထုံရှို့လောင်ရှီး၏ ထျန်းကွမ်းစစ်ဖူ ပိုင်ဝူကျင့်ကျိဝတ္ထု