အခန်း (၃)

216 35 4
                                    

Shi Qing Xuanရဲ့မျက်လုံး​တွေကနီရဲ​နေပြီး နှာထိပ်ဖျားကလည်း ငိုထားတာ​ကြောင့် နီ​ရောင်​သွေး​နေ၏။ နှပ်ရည်ကို ရှိုက်ကာလက်ဖြင့်ဆွဲပွတ်​တော့ Shi Wu Duက သူ့ကိုတစ်ရှုးလှမ်း​ပေးလာသည်။

"အညစ်အပတ်က​လေး"

Shi Wu Du ကသက်ပြင်းတစ်ချက်ချရင်း နက်ခ်တိုင်ကိုဆွဲဖြည်ချပြီး ​မေးလာသည်။

"အဲ့​တော့ မင်းကဘယ်ကိုသွားချင်တာလဲ? ဘယ်​လောက်ကြာကြာ သွားချင်တာလဲ? ဘယ်သူနဲ့သွားမှာလဲ?"

Shi Qing Xuan တစ်ရှုးစက္ကူကိုလုံး​ခြေလိုက်ရင်း သူ့ ကိုကြီး​မေးခွန်း​တွေကို ပြန်​ဖြေသည်။

"သားဒီတရုတ်ပြည်​တောင်ပိုင်းက Xမြို့ကိုသွားချင်တယ်ကိုကြီး၊ အဲ့ဘက်ပိုင်းက အပူပိုင်း​ဒေသ​လေ၊ အခုက​ဆောင်းရာသီဆို​ပေမယ့် ​မြောက်ပိုင်းဘက်​လောက်ထိ​ အေးမှာမဟုတ်​တော့ ​နေလို့​ကောင်းမယ်လို့ သားထင်တယ်။"

"သား​ပျော်သ​​​လောက်အဲ့မှာ​နေချင်တယ်၊ အ​ဖော်က.. အ​ဖော်က သားစုံစမ်းတုန်းပါ၊ ခရီးသွား​အေဂျင်စီတစ်ခုနဲ့ချိတ်ထားတာ​​တော့ရှိတယ်၊ World Landတဲ့ ကိုကြီးသိတယ်မလား?"

"World Land? ငါကြားဖူးသလို​တော့ရှိတယ်၊ အဲ့​တော့"

"သား အဲ့က tour guideတစ်​ယောက်ကိုဌားသွားမလို့"

"မင်း.. ​!"

Shi Wu Du​ခေါင်းရှုပ်စွာပဲ နားထင်ကိုဖိလိုက်သည်။ သူလိုက်လို့မရ​ပေ။ မြို့​တော်ဝန်​ရွေးချယ်ပွဲကနီး​နေ​ပြီဖြစ်ပြီး သူဒီကအလုပ်​တွေကို ချက်ချင်းလက်လွတ်စပယ် လုပ်ခဲ့လို့မရ​ချေ။ သူစိမ်းတစ်​ယောက်နဲ့လွှတ်ဖို့ချ စိတ်မချပါ။ သူ့ညီ​လေးက နဂိုတည်းကမှ ​ပိန်ပိန်​ဖျော့​ဖျော့​လေးကို ယခု​နေမ​ကောင်းဖြစ်ပြီး အ​တော်ပိန်သွားတာ ​လေတိုက်ရင်လွင့်ပါသွားမယ့် ပွင့်ချပ်​လေးလိုပင်။ ဒါ​ပေမယ့်လည်း သူ့ညီကဆုံးဖြတ်ပြီးရင် ဘယ်သူမှတားမရတာကိုသိသည်။

"မင်းကိုကြီးကို​စောင့်မလား? ကိုကြီး၃လအတွင်း ရှယ်ယာရှင်အစည်းအ​ဝေးပွဲကိုလုပ်ပြီး ဒါရိုက်တာရာထူးအထိဆင်းလိုက်မယ်"

"ကိုကြီးကို ဒီမြို့မှာ မြို့​တော်ဝန်ဖြစ်​စေချင်တဲ့လူ​တွေ ဘယ်​လောက်များလဲသိရဲ့လား! သား က​လေးမဟုတ်​တော့ပါဘူး၊ ​နော် ကိုကြီး tour guideကို၃ရက်အတွင်းရှာ​ပေးဖို့ World Landကို​ပြောလိုက်မယ်​လေ​နော်၊ ပြီးရင်ကိုကြီးနဲ့မိတ်ဆက်​ပေးပြီးမှ ကိုကြီးခွင့်ပြုချက်ကိုယူမယ်​လေ"

In Another Life, I would be your boy【2Xuan - Fanfiction】Donde viven las historias. Descúbrelo ahora