သူရိယနေမင်းရဲ့ အရှိန်အဝါတို့က မြူခိုးထုကိုမလွှမ်းမိုးနိုင်ချေ။ တောင်ပေါ်အရပ်ဖြစ်နေသည်ကြောင့် ယခင်နေ့တို့ထက် အအေးကဲကာ မြူတို့က ယာယီတဲထဲမီးအိမ်သာမရှိလျှင် ဘာကိုမှမမြင်ရသလောက်ပေ။ ဖုန်းကိုတစ်ချက်နှိပ်ကာကြည့်တော့ အချိန်ကား မနက်၅နာရီပေ။ Shi Qing Xuanချမ်းအေးနေတာကြောင့် နံဘေးကလူနားဆီပိုပြီး တိုးကပ်လိုက်ရင်း နောက်တစ်ကြိမ်ပြန်လည် အိပ်စက်လိုက်သည်။ ကျောပြင်ကို လက်တစ်ဖက်ရောက်လာပြီးနောက် ဖက်လုံးတစ်လုံးအလား အဖက်ခံရပြီးချိန်တွင် Shi Qing Xuanအမှန်ပင် နွေးထွေးစွာအိပ်မောကျသွားတော့သည်။
ယမန်နေ့ညက သူတို့နှစ်ယောက် တောင်ထိပ်ကမြေပြင်ကျယ်ကိုကြည့်ရင်း နေရာချဖို့ပြင်ဆင်ရသည်။ သူတို့နည်းတူ ယာယီဖျင်တဲ၂လုံးကလည်း မလှမ်းမကမ်းတွင်ရှိနေသည်။ He Xuanက မနက်မနိုးလျှင် ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်မည် စိုးရိမ်တာကြောင့် နံဘေးက သစ်ပင်ကြီးတွေကြား၌သာ ချောင်ကျကျနေရာယူလိုက်၏။ ယာယီတဲကို နှစ်ယောက်သားဆောက်ပြီးချိန်တွင်တော့ He Xuanက ဘုန်းကြီးကျောင်းမှ ရေနွေးတစ်ဇလုံကို သယ်ကာယူလာသည်။
"ရေပက်တိုက်လိုက် Qing Xuan.."
ယာယီတဲထဲတွင် သူနှင့်ကိုယ်သာရှိသည်။ ဌားယမ်းထားသည်မို့ ထင်သလောက်လည်းကြီးမားမနေပေ။ Shi Qing Xuanက သူ့ကိုယ်သူလှပတဲ့ကောင်လေးမှန်းသိပေမယ့် crushရှေ့မှာ အဝတ်တွေချွတ်ပြီး ရေပက်တိုက်ရမှာကိုတော့ နည်းနည်းမဝံ့မရဲဖြစ်နေမိသည်။ He Xuanက ချောင်းတစ်ချက်ဟန့်ရင်း ကျောပေးလိုက်၏။
"ကိုယ်ကျောပေးထားမယ်"
"ကျေးဇူးပါ He Ge"
Shi Qing Xuanရေစိုအဝတ်ဖြင့် ကိုယ်လက်မြန်မြန်သန့်စင်လိုက်ပြီး နွေးနွေးထွေးထွေးအင်္ကျီတွေကို ပြန်ဝတ်လိုက်သည်။ He Xuanထုတ်ပေးထားတဲ့ အနွေးထည်နှင့် မာဖလာကိုပတ်လိုက်သေးသည်။
He Xuanကတော့ Shi Qing Xuanတိုက်ထားသည့် အဝတ်ဖြူသဘတ်ကိုယူကာ ရေနွေးထဲနှစ်လိုက်သည်။ ထို့နောက် အဝတ်အစားတွေကို ရုတ်တရတ်ချွတ်လိုက်တာကြောင့် Shi Qing Xuanမျက်နှာကို လက်ဖဝါးဖြင့်ကာလိုက်ရင်း လက်ချောင်းလေးတွေကြားက ချောင်းကြည့်ရင်းပြောသည်။
![](https://img.wattpad.com/cover/284273693-288-k993960.jpg)
YOU ARE READING
In Another Life, I would be your boy【2Xuan - Fanfiction】
FanfictionHeaven Offical's Blessing Fanfiction Main Cp : He Xuan × Shi Qing Xuan 🔮🎲 မူရင်း : မော့ရှန်းထုံရှို့လောင်ရှီး၏ ထျန်းကွမ်းစစ်ဖူ ပိုင်ဝူကျင့်ကျိဝတ္ထု