အခန်း (၆)

202 27 7
                                    

ရထား​ပေါ်ကဆင်းသည်အထိ Mu Qing သူ့ကိုစကားမဆို​ပေ။ luggageကိုဆွဲရင်း လွယ်အိတ်ကိုပိုက်ကာ ​ရှေ့မှဆင်းသွား​လေ၏။ Feng Xinလည်း အင်မတန်ပင် ​ခေါင်း​ခြောက်လာရသည်။ တ​နေ့ညက သူတို့အနမ်းပင် အစမပျိုးလိုက်နိုင်။ Mu Qingက ​ခေါင်း​မော့လာပြီး သူ့နှုတ်ခမ်းနားဝင်သက်ထွက်သက်​နွေး​နွေးဖြင့် ဖိအပ်နမ်းဖို့ကြိုးစားလာချိန်တွင် သူစတင်ပျို့အန်မိ၏။

အမှန်သည်ကား ​​ပေါက်စီ၂လုံးနှင့်အတူ ​ခေါက်ဆွဲတစ်ပွဲ၊ ပွဲနို့​နွေး​နွေးကိုပါ​သောက်ထားမိသည်​ကြောင့် အစာမ​ကြေဖြစ်ခြင်းပင်။ အချိန်ကလည်း တိုက်ဆိုင်စွာပင်၊ အနမ်းအစပျိုးမည်ကြံကာမှ အန်ချင်လာ၏။ တစ်ဖက်လူက မည်သို့ပင်ရှင်းပြပါ​​စေ သူ့ကိုရွံ့ရှာ​နေသည်ဟု ​ပြောလာသည်။

သူ..  သူလည်း နမ်းချင်တယ်လို့ !

ထိုညကပင် Mu Qingက ဝယ်ထား​သောအရာ​တွေအားလုံးကို လွှင့်ပစ်ပြီး စကားပင်မဆို ​ကျော​ပေးကာအိပ်​လေ၏။ ​မ​နေ့ကလည်း ​မေးထူး​ခေါ်​ပြောသာ၊ ​လေထုက ဖရိုဖရဲဖြစ်လျက် ​အေးစက်​နေသည်ဟု Feng Xinခံစားရသည်။

သူအထုတ်ကိုဆွဲကာ ​​နောက်က​နေလိုက်ရင်း လှမ်း​ခေါ်ရသည်။

"Mu Qing ​စောင့်အုံး !"

​ခြေလှမ်းတို့ကရပ်တန့်သွားပြီး သူ့ကို​နောက်လှည့်ကြည့်လာသည်။ Mu Qingကပုံမှန်အတိုင်းပင်ဆို​သော်ငြား မျက်ဝန်းထဲတွင် သိမ်ငယ်သည့်အရိပ်အ​ယောင်အနည်းငယ် စွန်းထင်း​နေသည်။ သူက ငယ်​ပေါင်းကြီး​ဖော်ဖြစ်သည်။ ပါးစပ်ဟတာနဲ့ အူဘယ်နှ​ခွေရှိပြီး၊ ဘယ်နှ​ပေရှည်​ကြောင်းအပြင်၊ သွားဘယ်အချိန်က ကျိုးသည်၊ လူပျို​ဖော်ဘယ်အချိန်ကစဝင်သည်ကအစ Feng Xinသိ၏။

Mu Qingအ​နောက်ကလှမ်း​ခေါ်သံ​ကြောင့်​ ခြေလှမ်းကို အရှိန်​​လျော့လိုက်၏။ လွန်ခဲ့သည် ၆နှစ်ကပင် သူဒီလူ့ကို သ​ဘောကျသည်ဟု ကိုယ့်ကိုယ်ကိုယ်သိခဲ့ရသည်။ အမှန်ပင် သူ​တွေးထားသည့်အတိုင်း ထိုလူက သူ့ကိုချစ်သူရည်းစားအဖြစ် ဆက်ဆံဖို့ ရွံ့ရှာ​နေခဲ့၏။ ထိုလူသာ သက်​သောင့်သက်သာဖြစ်မယ်ဆိုလျှင် သူခံစားချက်တို့ကို သိမ်းဆည်းထားနိုင်သည်။ အကွာအ​ဝေးတစ်ခုမှာပဲ သူငယ်ချင်းလိုဆက်နေလျှင် ထိုလူ၏မျက်နှာကို သူတစ်သက်လုံး ​ငေးကြည့်နိုင်၏။

In Another Life, I would be your boy【2Xuan - Fanfiction】Tempat cerita menjadi hidup. Temukan sekarang