Episode 02

2.4K 248 11
                                    

UNICODE

ကားလမ်း​ဘေး ပလက်​ဖောင်းတစ်​လျှောက် လမ်း​​လျှောက်​နေရင်း Kyung Soo အ​တွေး​တွေ နယ်ချဲ့​နေမိသည်။

အရင်က ဒီကားလမ်းမ​တွေမှာ Kyung Soo တစ်​ယောက် ပြိုင်ကားကို​မောင်းရင်း ထင်တိုင်းကြဲ​နေခဲ့တာ​လေ။

အဲ့လိုထင်တိုင်းကြဲခွင့်ရ​အောင်လည်း ဦး​လေးက ကြံစည်​ပေးထားခဲ့တယ်မဟုတ်လား​လေ။

အ​တွေး​တွေပတ်လည်ဝိုင်း​နေရင်း ရပ်ကွက်တစ်ပတ်ပတ်ပြီးသည့်​နောက်တွင်​တော့ ​ခြေ​ထောက်​တွေ ​တောင့်တင်းလာပြီမို့ အိမ်ပြန်ဖို့ ပြင်လိုက်သည်။

​နေ့လည်ခင်းလည်း ​ရောက်​နေပြီမို့ အဖိုးလည်း ​နေ့လည်စာစားဖို့ ​စောင့်​နေ​လောက်ပြီပင်။

သူတို့ရပ်ကွက်က သူ​ဌေးရပ်ကွက်ဖြစ်တာမို့ အ​တော်​လေး​တော့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိ​လှသည်။

​ခြေလှမ်း​တွေကို ပုံမှန်သာ လှမ်း​နေရင်း နားထဲ သဲ့သဲ့ကြားရတဲ့ စကားသံ​တွေ​​ကြောင့် ​ခြေလှမ်းတွေ တုန့်ခနဲ့ ရပ်သွားရသည်။

​​​​ခြေနှစ်လှမ်း​လောက် ​နောက်ပြန်ဆုတ်လိုက်ရင်း လမ်းကြား​လေးထဲ ​ခေါင်း​စောင်းကြည့်မိ​တော့ လူငါး​ယောက်​​လောက်က တစ်စုံတစ်​ယောက်ကို ဝိုင်းလို့ထားသည်။

" မင်းလိုဆင်းရဲသားက ငါတို့ သူ​ဌေးရပ်ကွက်ထဲ ​ရောက်လာတယ်​​ပေါ့​လေ.. ဘာလို့လဲ ​ကျောင်းမှာ ရိုက်ခံရတာ အားမရလို့ ဒီထိလာရိုက်ခံတာလား ဟမ်! ဒီ​နေရာက ဘယ်​နေရာလဲ​ရော သိရဲ့လား ကြီးကျယ်မြင့်မြတ်လှတဲ့ သခင်​လေးDo ရဲ့ အိမ်ရှိတယ်ကွ! အခုပဲ ငါတို့ သူ့ဆီဆက်သွယ်လိုက်ရင် မင်း ဘာဖြစ်သွားမယ် ထင်လဲ "

​နံရံကို မှီကာ ​ပြောစကား​တွေကို နား​​ထောင်​နေရင်း သူ့နာမည်ကြားလိုက်ရတာမို့ Kyung Soo မျက်ခုံး​တွေ ပင့်သွားရသည်။

ဆို​တော့ ဒီလူ​တွေက သူတက်​နေတဲ့ ​ကျောင်းကလား...

" ဆက်သွယ်စရာမလို​ဘူး ငါ​ရောက်လာပြီ ဘာ​ပြောဖို့လဲ "

လမ်းကြားထဲ ​အေး​အေးလူလူ ဝင်သွားတဲ့ သူ့ကို အကုန်လုံးက လှည့်ကြည့်လာကြသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now