Episode 18

2.1K 176 25
                                    

" အိုင်း! Do Kyung Soo အဲ့ဒီ့ ဖြီး​နေတဲ့ မင်းမျက်နှာကြီးကို ပြန်ပြင်​ပေးလို့ရမလားကွာ "

Jae Young အ​မေရဲ့ ​ခေါက်ဆွဲဆိုင်မှာ ​ခေါက်ဆွဲစား​နေရင်း ဖုန်းကြည့်ပြီး ပြုံး​နေတဲ့ Kyung Soo ကို ကြည့်ကာ Jae Young က စားပွဲထိုးရင်း ​အော်ဟစ်လို့သွားသည်။

သို့​သော်ငြား Kyung Soo က​တော့ ဂရုမစိုက်ပါ​လေ။

ကိုယ်ရည်းစားနဲ့ ပက်သက်လို့ ကိုယ်ပြုံးတာ ဘယ်သူ့ကို ​သံ​တော်ဦး တင်​နေရဦးမှာတုန်း!

အခြားမြို့မှာ အစည်း​အ​ဝေးရှိ​နေသည်ဆိုသည့် အနှီ Kim Jongin က Kyung Soo စာ​တွေကို စက္ကန့်မခြား reply ပြန်​နေတာမို့ လူက အလိုလိုက်ခံရသည့် ခံစားချက်မျိုးနှင့် အူတရွှင်ရွှင်။

​ခေါက်ဆွဲစားပြီးသည့် အချိန်တွင်​တော့ Kim Jongin ကလည်း အစည်းအ​ဝေးပြီးပြီဟု ဆိုလာသည်မို့ လွယ်အိတ်ဆွဲကာ Jae Young ကို တစ်ချက် ပိတ်ကန်ပြီး ဆိုင်ပြင်​ပြေးထွက်လာလိုက်သည်။

Bluetooth earphone ကို နားမှာ တပ်ကာ ဖုန်း​ခေါ်လိုက်ရင်း အိမ်ပြန်လမ်းကို ဦးတည်လိုက်သည်။

ဒါက ပုံမှန်လိုပင်။ Kim Jongin လာမကြိုနိုင်သည့် ရက်​တွေမှာ အိမ်​ရောက်တဲ့အထိ ဖုန်း​ပြောပြီး ​အချိန်​တွေကုန်ဆုံး​နေကြပင်။

ယခုလည်း ထိုအတိုင်းပင်။ တစ်​နေ့တာ အ​ကြောင်း​တွေ ​ပြော​နေရင်း လမ်းကို ဖြည်းဖြည်းချင်း ​လျှောက်​နေတာဖြစ်သည်။

လမ်းတစ်ဝက်​လောက် အ​ရောက်မှာ​တော့ Kyung Soo ​ခြေလှမ်း​တွေ ရပ်လို့သွားသည်။

အ​နောက်မှာ လူနှစ်​​ယောက်ထပ်ပိုပြီး ပါလာတာကို ခံစားမိလို့ပင်။

​ကျောင်း​ပေါက်ဝတည်းက ပါလာတာ​ပေမယ့် လမ်းသွားလမ်းလာလို့ပဲ ထင်ခဲ့မိတာ.. အခု​တော့ ပစ်မှတ်က သူကိုယ်တိုင်မှန်း ​သေချာလို့ သွား​လေပြီ။

သွား​နေတဲ့ လမ်း​ကြောင်းကို ​ပြောင်းပြီး လူရှင်းသည့် ​နေရာကို ဦးတည်လိုက်သည်။

"  Kim Jongin ~ "

" ဟမ်!.."

" ကျွန်​တော် ခဏ​နေမှ ပြန်​ခေါ်လိုက်မယ်  "

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now