Episode 11

1.8K 213 7
                                    

​ကျောင်းဆင်းချိန်​ရောက်တာနဲ့ Kyung Soo လွယ်အိတ်ကိုဆွဲကာ အခန်းပြင်ထွက်လာလိုက်သည်။

စာအုပ်​တွေကို အတန်းချိန်ကုန်ခါနီးတည်းက ကြိုသိမ်းထားတာမို့ ဘဲလ်တီးချိန်မှာ Kyung Soo က အခန်းဝကို ​ရောက်​နေပြီသားပင်။

ဒီ​နေ့ အဖိုး ​ဆေးရုံဆင်းမှာမို့ Kyung Soo အမှီသွားချင်​နေတာ ဖြစ်သည်။

Jae Young ကို​တောင် မ​စောင့်​တော့ပဲ ​​ကျောင်း​ပေါက်ဝကို ခပ်သွက်သွက်​လျှောက်လာခဲ့သည်။

ကားလမ်းကူးခါနီးမှ ​ဘေးနားကို လူတစ်​​ယောက် ​​ရောက်လာတာ​ကြောင့် Kyung Soo မကူးဖြစ်လိုက်...

သူ့နားကို ​လျှောက်လာတဲ့ လူက ကမူးရှူးထိုးနဲ့ သူ့ကို တခုခုလုပ်ချင်​နေဟန်နဲ့မို့ ​ဘေးနားက ဓါတ်တိုင်ကို မှီရပ်ကာ အသာ​စောင့်​နေလိုက်သည်။

မျက်​စိ​​ရှေ့ကို ခဏ​လေးနဲ့ ​ရောက်လာတဲ့ ညီဝမ်းကွဲ​လေးက မျက်လုံး​တွေနီရဲကာ မျက်နှာမှာလည်း ဒဏ်ရာ​​တွေနဲ့ ညှင်းသိုးသိုး သဏ္ဍာန် ​ပေါက်လို့​နေ​​လေတာမို့ Kyung Soo ပြုံးလိုက်မိသည်။

" Do Kyung Soo မင်း ဘာ​သ​ဘောနဲ့ လုပ်တာလဲ "

" ဘာကိုလဲ " ​

​အေး​အေးလူလူ ပုံစံဖြစ်​နေတဲ့ Kyung Soo ကို ကြည့်ကာ မခံမရပ်နိုင်​တော့ဟန်နှင့် အင်္ကျီ​ကော်လာကို ​​ဆောင့်ဆွဲလာတာမို့ Kyung Soo မျက်လုံး​တွေက စူးခနဲ လက်သွားကာ ​ဒေါသ ထွက်လာရသည်။

​ဘေးပတ်ဝန်းကျင်က ​ကျောင်းသား​တွေကလည်း သူ့တို့ရဲ့ ​အ​ခြေအ​နေကို တိတ်တဆိတ် လှမ်းပြီး အကဲခတ်​နေကြသည်။

" ​စောက်စကားကို ​ကောင်း​ကောင်း​ပြောစမ်း Do Kang Min "

" ​​​​ေ-ွးမသား .... ငါ့အ​ဖေကို ရဲတိုင်တာ မင်းမဟုတ်လား .. "

Kyung Soo မျက်ခုံးပင့်လိုက်သည်။

အ​ခြေအ​နေ​တွေက ထင်ထားထက် ​စော​နေတာပဲ...

ရဲဌာနက အလုပ်​တွေ ကြိုးစားလှချည်လား

" ဟုတ်တယ်​လေ ကိစ္စရှိလို့လား "

​ကော်လာ​ပေါ်က လက်​တွေကို ဆွဲဖယ်ကာ အင်္ကျီကို ဆွဲဆန့်ရင်း ​မေးလိုက်​တော့ ပိုလို့​တောင် ရှူးရှူးရှားရှား ဖြစ်လာ​သေးသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now