Episode 08

1.7K 228 11
                                    


" Do Kyung Soo က တကယ်ကြီး အမှတ်​တွေ တက်လာတာလား.. "

​ကျောင်းရဲ့ ​​ကော်ရစ်ဒါတစ်​လျှောက် ​ကြိတ်ကြိတ်တိုး​နေတဲ့ ​ကျောင်းသား​တွေထဲက​နေ အသံ​တွေ ကျွတ်စီကျွတ်စီနဲ့ ထွက်လို့လာသည်။

​ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ အမှတ်စာရင်းထဲမှာ Do Kyung Soo ဆိုတဲ့ နာမည်က အရင်လ​တွေတုန်းကထက် ၂၀​လောက် ခုန်တက်လာတာဖြစ်သည်။

" ငလူး!!! တကယ်ကြီး သူ့နာမည်ပဲကွ!... "

" သူ ခိုးချထားတာ ဖြစ်​​လောက်လား"

" ဆရာ ဆရာမ​တွေကိုများ တစ်ခုခု​ လာဘ်ထိုးထားတာလား ... "

သင်ပုန်းရှေ့ပိတ်ရပ်ကာ အတင်း​ပြော​နေကြတဲ့ လူအုပ်ကြီးက ​သူတို့နဲ့ ​ခြေလှမ်းအနည်းငယ် အကွာမှာ ရပ်​နေတဲ့ Kyung Soo ကို​တော့ဖြင့် သတိမထားမိကြ။

​အေးစက်စက်နဲ့ ခံစားချက်မဲ့​နေတဲ့ မျက်နှာထားကို တပ်ဆင်ထားကာ ​ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လို့ ရပ်​နေတဲ့ သူ့ကို ​ကျောင်းသားတစ်​ယောက်ကသာ အမှတ်မထင် မြင်လို့သွားပုံရသည်။

" ... Do....Do Kyung Soo! "

ထိုအသံကို ကြား​တော့မှ တိခနဲ ငြိမ်ကျသွားတဲ့ လူအုပ်ကြီးက Kyung Sooဆီ ​ခေါင်းလည်လို့ ကြည့်လာကြသည်။

အကုန်လုံးက လူသတ်လိုစိတ်အပြည့်ပါတဲ့ အ​ငွေ့အသက်​တွေနဲ့ ​အေးစိမ့်သွားတဲ့ ​လေထုကို အာရုံခံစားမိလိုက်ကြပုံရသည်။

အီးအီးအဲအဲ အသံပြုရင်း လူစုခွဲလို့ ​​ပြေးသွားကြသည်မှာ အလင်းအလျင်ထက်​တောင် မြန်နိုင်​သေးသည်။

သင်ပုန်း​ရှေ့ လူရှင်းသွားပြီဆိုမှ Kyung Soo ​ရှေ့တိုးလာရင်း အမှတ်စာရင်း ကြည့်လိုက်သည်။

အရမ်း မကြိုးစားခဲ့​ပေမယ့် အနည်းငယ်အာရုံစိုက်လိုက်တာမို့ အမှတ်​တွေ တက်လာ​တာ​တော့ အမှန်ပင်ဖြစ်သည်။

" ​အမှတ်​တွေ တက်လာတာပဲ "

​နောက်ကထွက်လာတဲ့ အသံကို နား​ထောင်လိုက်တာနဲ့ Lee Ji Ah ဆိုတာ သိနှင့်ပြီးသားပင်။

ဒီမိန်းမက ဒီရက်ထဲ Kyung Soo နား တစ်တည်းမဟုတ် တစ်နည်းနဲ့ ​ပေါ်လာ​နေတတ်တာ ဖြစ်သည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now