Episode 19

863 59 18
                                    

Unicode

" အဖိုး ဟိုမှာ​နေရထိုင်ရတာ အဆင်​​ပြေရဲ့လား "

" ​​ပြေပါ့ကွာ, ​မြေး​ရော ဘာလိုအပ်တာရှိ​သေးလဲ? တစ်ခုခု လိုအပ်တာရှိရင် ​​မင်းအစ်ကို Jongin ကိုသာ ​ပြောလိုက်​နော်, ဒီက​လေးက ​မြေးကို ညီအရင်းလိုကို သံ​ယောဇဥ်ရှိရှာတာ, အလုပ်ကိစ္စ​နဲ့ ဆက်သွယ်တိုင်း ​မြေးကို သူ ​စောင့်​ရှောက်​​ပေးထားမှာမို့လို့ စိတ်ချလက်ချသာ ​ကုသမှုခံယူပါ,ဆိုပြီး ​​​ပြော​နေ​တော့တာကွယ် "

" ​​အော်... ညီအစ်ကိုလို သံ​ယောဇဥ် ရှိရှာတာတဲ့လား "

ဖန်သားပြင်တစ်ဖက်ခြမ်းက အဖိုးကို​​ပြောရင်း ပြုံးစိစိနဲ့ ​အ​နောက်ဖက်ကို ကြည့်မိ​တော့ ​​မီးဖိုနားမှာ အေပရွန်ကြီး စွပ်ထားပြီး ဟင်းချက်​နေတဲ့ Kim Jongin က မျက်လုံးအပြူးသားနဲ့ ​ခေါင်းကို တွင်တွင်ခါပြလာ၏။

" ဟုတ်တယ် ​မြေးရဲ့.. ​သေချာ​ပေါက် အစ်ကိုကြီးတစ်​ယောက်လိုမျိုး ရို​သေ​လေးစားရမယ်​နော်, အမြဲ ခံပက်ပြီး ရန်လုပ်​မ​နေနဲ့ဦး "

" ဟုတ်ကဲ့ပါ, အဖိုးရဲ့ "

တစ်ခဏ​လောက် အဖိုးနဲ့ စကားဆက်​​ပြောလိုက်ပြီး​နောက်မှာ​တော့  တစ်ဖက်က အဖိုးရဲ့ ​​လေ့ကျင့်ခန်းလုပ်ချိန် ​ရောက်လာတာမို့ ဖုန်းချလိုက်ရသည်။

ဖုန်းချပြီး​ လှည့်အထွက် အ​နောက်က​နေ ​ရောက်​လာတဲ့ Kim Jongin က ခါးကို ခပ်တင်းတင်း ​ပွေ့ဖက်လာကာ Kyung Soo နားသယ်စပ်ကို ခပ်ဖွဖွ နမ်းရှိုက်လာ​လေ၏။

" ဟိုး...ဟိုးထား ဆရာ​ရေ! ညီအစ်ကို​တွေက ဒီလိုမျိုး ​နေလို့မရ​ဘူး​လေ​နော်, အဖိုးက အခုပဲ​ပြောလိုက်တယ် မဟုတ်လား? Kim Jongin က ကျွန်​တော့်ကို ညီအရင်း​လေးလိုကို သံ​ယောဇဥ်ရှိရှာတာတဲ့ "

ညီအရင်းဆိုတဲ့​နေရာမှာ ​လေသံကို ဖိ​ပြောလိုက်​တော့ ကြားလိုက်ရတဲ့ ထိုလူခမျာ မျက်နှာကြီး ရှုံ့မဲ့လို့သွား​လေ၏။

" Kyung Soo ကလည်းကွာ, ကိုယ် အဖိုးကို အဲ့ဒီ့ ညီအရင်းလို ဘာညာ​တွေ တစ်ခါမှ မ​ပြောဖူးပါဘူးလို့ "

" ​အော်... အဲ့တာဆို ခင်ဗျားက ကျွန်​တော့်ကို ​မ​စောင့်​ရှောက်ချင်ဘူး​ပေါ့​လေ "

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now