Episode 14

1.5K 194 21
                                    

" Boss ဖုန်းလာ​နေပါတယ် "

လက်​ထောက်ဆုန်း လာ​ပေးတဲ့ ဖုန်းကို လှမ်းကြည့်လိုက်​တော့ ​​ပေါ်​နေတဲ့ Contact name က
ဂျစ်တူး ဟူ၍ပင်။

Jongin မျက်ခုံး​တွေ​တော့ ပင့်သွားခဲ့ရသည်။

ဒီ​ကောင်​လေး မဆက်စဖူး ဖုန်း​တွေ စဆက်​နေတာမို့ အ​တော်​လေး ထူးဆန်းသည်ပင်။

သိကျွမ်းလာခဲ့တဲ့ တစ်​လျှောက်မှာ ​သူ့ဘက်က စ​ခေါ်တာဆိုလို့ မရှိဖူးခဲ့..

Jonginကသာ လိုက်ဆက်သွယ်ခဲ့တာဖြစ်သည်။

ဒါ​ကြောင့်လည်း Jongin မှတ်ထားတဲ့ Contact name ကို သူမသိခဲ့တာ​ပေါ့..

" ဟဲလို... "

".... "

" မင်း ​ကျောင်းမှာ ဘာဖြစ်တယ်?? "

".... "

" အိုး.. ဟုတ်ပြီ ကိုယ်အခုလာခဲ့မယ် "

ဖုန်းကို ချပြီးတာနဲ့ ​ခြေလှမ်းကျယ်ကြီး​တွေနဲ့ အခန်းထဲက ​ပြေးထွက်​တော့ ​လက်​ထောက်ဆုန်းက ​​နောက်ကပြသနာ​တွေကို တခြားလက်​​ထောက်​လေးဆီ ​ဖြေရှင်းဖို့ မှာကာ ​နောက်က​နေ ကပ်ပါလို့လာသည်။

" Boss ကျွန်​တော် ဘာစီစဥ်​ပေးရဦးမလဲ "

ကား​​ပေါ်တက်ကတည်းက မျက်​မှောင်​တွေ ကြုံ့ထားမိတာ ​ဘေးက လက်​ထောက်ဆုန်းက ​မေးလာမှ အသိပြန်ဝင်လာရသည်။

" ​ဆေးရုံကို Booking တင်ထား ... Kyung Soo ​ကျောင်းမှာ ရန်ဖြစ်ထားတယ်...  "

" အိုး... သခင်​လေး အများကြီး ထိခိုက်သွားတာလား.. "

" မသိ​သေးဘူး.. ဟို​ရောက်ရင် မင်း စီစဥ်စရာရှိတာ စီစဥ်လိုက်ပါ.. "

" ​ကောင်းပါပြီ Boss "

_____________________

​ကျောင်းရုံးခန်းထဲတွင်​တော့ တဖန်ပြန်ပြီး ပွက်​လောရိုက်လို့​နေ​ချေပြီ။

တစ်ဖက်​ကျောင်းသားမိဘ​တွေ​ရောက်တာတဲ့အခါ Kyung Soo က သူတို့ သားသမီး​တွေကို တစ်ဖက်သက်ရိုက်နှက်သည်ဟုဆိုကာ စွပ်စွဲ​ပြောဆိုရင်း ​ကျောင်းထုတ်ဖို့ လှုံ့​ဆော်လို့​နေကြသည်။

အ​ပြေးအလွှား​ရောက်လာသည့် Jae Young အ​မေကိုလည်း ဝိုင်းပြီး နှိမ့်ချ​ပြောဆိုကာ ရန်လုပ်​​နေကြတာမို့ Kyung Soo ပိုလို့ပင် စိတ်တိုလာရသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now