Episode 15

1.6K 195 30
                                    


​ကျောင်းနားခံထားရတဲ့ Kyung Soo ဒီ​နေ့​တော့ ​နေမြင့်မှ နိုးလာခဲ့သည်။

အိမ်မှာလည်း ဘယ်သူမှမရှိတာမို့ ​အေး​အေး​ဆေး​ဆေးပင် မနက်စာကို လွယ်လွယ်ကူကူ မှာစားလိုက်သည်။

" သခင်​လေး... ခြံ​ရှေ့မှာ ဧည့်သည်​ရောက်​နေပါတယ်..  သခင်​လေးရဲ့ သူငယ်ချင်းလို့ ​ပြောပါတယ် "

" သူငယ်ချင်း? "

Kyung Soo အခန်းထဲက ထွက်ကာ အူ​ကြောင်​ကြောင်နှင့် ခြံ​စောင့်ဦး​လေးကြီးနဲ့ အတူ ခြံထဲ ဆင်းခဲ့လိုက်သည်။

ဒီအချိန်ကြီး ဘယ်သူငယ်ချင်း​ရောက်လာတာလဲ? 

ခြံ​ရှေ့​ရောက်​တော့ ​ကျောပိုးအိတ်လွယ်ကာ ရပ်​စောင့်​နေတဲ့ Jae Young ကို ​တွေ့​တော့တာပင်။

" ဟ! Choi Jae Young? မင်း...  ​ကျောင်းမသွားဘူးလား "

" ငါလည်း ​ကျောင်းနားခံရတယ်​​​လေ"

" Huh! ငါ ဘာလို့ မသိတာလဲ "

" ငိုး!! မင်း သိတာကမှ ထူးဆန်း​နေဦးမယ်... အဲ့​နေ့က လာတဲ့ အုပ်ထိန်းသူကြီးကလွဲ မင်း ဘာကိုများ အာရုံစိုက်​နေလို့လဲ ... ငါ့​တောင် မနှုတ်ဆက်ပဲ ကား​ပေါ်ပါသွားတာကိုများ "

Jae Young စကား​ကြောင့် Kyung Soo ပါးစပ်ပါ တိခနဲ ပိတ်လို့သွားသည်။

သူ​ပြောတာလည်း ဟုတ်​နေ​တော့ Kyung Soo မှာ ပြန်ရန်​တွေ့ဖို့ အခွင့်အ​ရေးမရှိ..

အဲ့ဒီ့နေ့က ငနဲကြီး Kim ရဲ့ အ​​နှောင့်အသွားမလွတ် ဟိုဟိုဒီဒီ စကား​တွေ​ကြောင့်  အသိစိတ်​တွေ က​ပြောင်းကပြန်ဖြစ်​နေခဲ့ရတာကိုး ....

Kyung Soo မ​ကျေမနပ် နှာ​ခေါင်းရှုံ့လိုက်မိသည်။

"ဟို​ကောင် နှာ​ခေါင်းရှုံ့မ​နေနဲ့ .. မင်းဘဲကြီးအ​ကြောင်း ​နောက်မှ​တွေး..   ငါ့ကို ဒီမှာပဲ ရပ်ခိုင်း​ထားတော့မှာလား "

" မင်းဖင်ကြီးကို ငါ့ဘဲကြီး​နေလိုက်!! ​ခွေး​ကောင်​လေး မင်း .. မင်း  ငါ့ကို နည်းနည်း​လေးမှ ​ကြောက်မ​နေ​တော့ဘူး​ပေါ့​လေ ဟုတ်လား? "

မျက်နှာချင်းဆိုင်ရပ်​နေတဲ့ Jae Young ကို ခုန်အုပ်ကာ လည်ပင်း​ကို လက်​မောင်းကြားထဲ ဆွဲသွင်းရင်း ဖမ်းညှစ်ကာ ​မေး​တော့ တဟားဟား ​အော်ရယ်ကာ ၂​ယောက်သား ခြံ​ရှေ့မှာ လုံး​ထွေး​နေကြသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now