Episode 12

1.6K 206 20
                                    

Incheon Airport ကြီးထဲ လူ​တွေက ပျားပန်းခတ် လှုပ်ရှားလို့​နေသည်။

Kyung Soo က​​​တော့ Luggage ​တွေနား ထိုင်​နေတဲ့ အဖိုးနားကပ်ကာ မှာစရာရှိတာ တတွတ်တွတ်မှာကာနေသည်။

အဖိုးက ​ခြေ​ထောက်​​တွေ​ ပြန်​ကောင်းလာဖို့အတွက် Paris ကိုသွားကာ ​ဆေးကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

ဒီက အလုပ်တွေကို​တော့ ရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ Kim Jongin ဆီ ခဏလွှဲထားခဲ့ကာ ​ဆေးကုသမှုကိုပဲ အာရုံစိုက်ထားနိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်သည်။

အဖိုးအတွက် Kim Jongin က ​​စောင့်​ရှောက်ဖို့လူ​တွေ ထည့်​​ပေးလိုက်​ပေမယ့် Kyung Soo က စိတ်မချတာမို့ ဦး​လေးလီကိုပါ လိုက်သွား​​စေခဲ့သည်​လေ။

အဖိုးလိုက်ပါသွားတဲ့ ​လေယာဥ်ထွက်ခွာသွားတာနဲ့ Kyung Soo ​လေဆိပ်ထဲက​နေ ထွက်လာလိုက်သည်။

Driver ​မောင်းတဲ့ကားကို စီးကာ အိမ်ပြန်​​ရောက်ပြီး​နောက် အိမ်ထဲမဝင်​​တော့ပဲ ဂို​ထောင်ထဲက ဆိုင်ကယ်ကို ထုတ်ကာ တစ်ပတ်နှစ်ပတ်​လောက် ပတ်စီးဖို့ ကြံစည်လိုက်သည်။

ဆိုင်ကယ်ကို ခြံပြင်ထုတ်​နေတုန်း ဖုန်းထဲ စာဝင်လာတာမို့ ဖွင့်ကြည့်​တော့ Kim Jongin ဆီက ..

ဒီ​နေ့ Kim Jongin က အ​ရေးကြီးတဲ့ အစည်းအ​ဝေး တစ်ခုရှိသည်ဟုဆိုကာ အဖိုးကို လိုက်မပို့နိုင်​တော့​ကြောင်း ကြိုအ​ကြောင်းကြားထားပြီးသားပင်။

အခုမှစာပို့ပုံ​ထောက်ရင် အစည်းအ​ဝေး ပြီးသွားခဲ့ပြီထင်သည်။

~ အဖိုး သွားပြီလား ~

Message ကိုကြည့်ကာ Kyung Soo နှာ​ခေါင်းရှုံ့လိုက်သည်။

အဖိုး??? ဘယ်သူက ခင်ဗျားအဖိုးလဲ?? ကျွန်​တော်က ခင်ဗျားအဖိုးလား???

~ ခင်ဗျား ​လေယာဥ်ချိန်သိတယ်မဟုတ်လား ခင်ဗျားမှာ နာရီမရှိဘူးလား.. ပြီး​တော့ ဘယ်သူ့ကို အဖိုး​ခေါ်​နေတာလဲ  ~

Kyung Soo တစ်​ယောက် message ကို reply ပြန်ပြီးတဲ့​နောက် ဖုန်းကို မသိမ်း​မိပဲ တစ်ဖက်က စာကို ထိုင်​စောင့်​နေမိသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now