Episode 05

2.1K 231 22
                                    

UNICODE

Kyung Soo အဖိုးကို​ ​လေညှင်းထွက်ခံလိုက်ဦးမယ်ဟု အသိ​ပေးခဲ့ကာ hotel အပြင်ဘက်က ဥယျာဥ်​​​လေးထဲ လာထိုင်​နေမိသည်မှာ ၁၅မိနစ်ခန့်ရှိ​နေပြီဖြစ်သည်။

အ​တော်​လေးပျင်းရိလာတာမို့ Jae Young ကို ' ဘာလုပ်​နေလဲ 'လှမ်း​မေး​တော့ သူ့အ​မေကို ဆိုင်ကူသိမ်း​ပေး​နေသည်ဟု ဆိုသည်။

Jae Young အ​မေက ရပ်ကွက်ထဲ ​ခေါက်ဆွဲဆိုင်​လေး ဖွင့်ထားတာမို့ Jae Young က သူ့အ​မေကို အမြဲဆိုင်ကူသိမ်း​ပေးရသည်ဟု ဆိုသည်။

အဲ့​ကောင်က နည်းနည်းတုံး​ပေမယ့် Kyung Soo လို နား​​အေးပါး​အေးပဲ ​နေချင်​တော့တဲ့သူနဲ့ လတ်တ​လောမှာ အဆင်​ပြေဆုံးဖြစ်​နေသည်​လေ

သူကလည်း Kyung Soo ကို ခါတိုင်းလို သိပ်ပြီးမ​ကြောက်​တော့ ....နည်းနည်းပါးပါးရင်းနှီးလာပြီဖြစ်သည်။

သူ့ကိုလည်း အနိုင်ကျင့်မယ့်သူ​တွေ ​လော​လောဆယ် ပေါ်မလာကြ​တော့တာမို့ အရာအားလုံးက ​အေး​အေး​ဆေး​ဆေး​ပင်။

ဘာပဲဖြစ်ဖြစ် လူ့အသက်တစ်​ချောင်း အန္တရာယ် ကင်းသွားပြီ​လေ။

ဖုန်းကိုကိုင်ကာ ​ကျောင်းရဲ့ ​ကျောင်းသား​ကျောင်းသူ​တွေ စုပြီး​ထောင်ထားတဲ့ website ထဲ ဝင်ကြည့်လိုက်သည်။

အဲ့ဒီ website ထဲမှာ ​ကျောင်းရဲ့ အတင်းအဖျင်းမှန်သမျှကို အချိန်နှင့် တ​ပြေးညီ ရှိနိုင်တာမို့ ​​တော်​တော်​​လေး အပျင်း​ပြေနိုင်သည်​လေ။

အခုလည်း ထုံးစံအတိုင်းပင် Kyung Soo ​အ​ကြောင်း က မပါမဖြစ်။

Kyung Soo ​ပြောင်းလဲသွားတာက အစ ဟိုတလောက Canteen မှာ ပွဲကြမ်းခဲ့တာအဆုံး ​ပြောလို့မပြီးနိုင်ကြ​သေး။

အတင်းအဖျင်းပိုစ့်​တွေ ​ကျော်ချလိုက်ရင်း Post တစ်ခုကို ​တွေ့ပြီး မျက်ခုံး​တွေ ပင့်သွားသည်။

《 ShinHwa အထက်တမ်း​ကျောင်းရဲ့ ထင်တိုင်းကြဲပုဂ္ဂိုလ် သူ​​ဌေးမျိုးဆက် Do Kyung Soo က ​ကျောင်းရဲ့ အလှပ​ဂေး​လေးကို ရက်ရက်စက်စက် ​ပြောဆိုခဲ့ 》ဆိုတဲ့ ​ခေါင်းစဥ်နဲ့..

​အောက်မှာ​တော့ ​ဘောလုံးကွင်းနားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို စာဖြင့်​ရေးတင်လို့ထားသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now