PART 4(Zawgyi)

136 4 0
                                    

ကျွန်

....4....

"ခန့်ခန့်.....မင်းကိုကျူရှင်သွားခိုင်းလိုက်တာလေ ဘယ်က နွားကိုခေါ်လာပြန်တာလဲ"

ခြံဝန်းထဲ နွားမကြီးတစ်ကောင်ဆွဲလို့...

ကျောပိုးအိတ်တစ်လုံးနဲ့ ပျော်မြူးစွာပြန်လာတဲ့ သားဖြစ်သူ ရှစ်တန်း တစ်ဘုန်းဘုန်းကျအား...

ဒေါ်အိမ်စည်တစ်ယောက် ဆင်ဝင်ဝကနေ ခါးကြီးထောက်ပြီး လှမ်းမေးနေတုန်းမှာပဲ....

ချစ်သားလေးက ခြံထဲမှာအလှစိုက်ထားတဲ့ မြက်ခင်းကျယ်ကြီးထဲ ငုတ်ရိုက်ပြီး ခေါ်လာတဲ့နွားကို ချည်ပြီးနေပြီဖြစ်သည်။

"ဘယ်ကနွားလဲ မိန်းမရဲ့"

အနားရောက်လာတဲ့ ခန့်ဇေယျာဝင့်ထည်ရဲ့ဖခင် ဦးဝင့်ထည်....

နန်းတော်တမျှ ဟီးဟီး ထ နေတဲ့ သူတို့အိမ်တော်ကြီးမှာ မြန်မြန်ရေမှ ဒေါ်အိမ်စည် ဦးဝင့်ထည် ခန့်ခန့်နဲ့ အစေခံလင်မယားနှစ်ယောက်သာရှိသည်။

အဲ ခန့်ခန့် အခန်းထဲမှာ ခိုးမွေးထားတဲ့ တိရစ်ဆာန်တွေကတော့ ချွင်းချက်ပေါ့

"ဟိုမှာလေ...တော့်သား ဘယ်သူ့နွားကိုဝယ်လာပြန်တာလဲ မသိပါဘူး...
သူ့အခန်းထဲမှာလဲ ကြက်တွေ ငှက်တွေနဲ့ သတ္တဝါတွေမှ စုံလို့...မသိရင် တိရစ်ဆာန်ရုံကြီးကျနေရော...
ရောဂါဖြစ်မှ လာကုခိုင်းလို့ကတော့ တစ်ခါတည်း ဂုတ်ကဆွဲ အရှင်လတ်လတ် မြေမြုပ်ပြီး ဂူပေါ်ထိုင် ကနေလိုက်မယ် သေတောင် ဆေးကုမပေးဘူး .."

မိန်းမ မမြင်အောင် ခပ်ရေးရေးပြုံးလိုက်တဲ့ ဦးဝင့်ထည်

သူတို့ဆီ လေလေးတချွန်ချွန်နဲ့ လျှောက်လာနေတဲ့ သားတော်မောင်ကိုကြည့်ပြီး သက်ပြင်းချမိသည်။

အရွယ်နဲ့မလိုက် မွေးမြူရေးလုပ်ငန်းတွေ စိတ်ဝင်စားနေတဲ့ ကိုယ်တော်ချောက

ရှစ်တန်းတောင် သုံးနှစ်ဖြေလို့ မအောင်သေးဘူးတဲ့ ....

ဆယ်တန်းအောင်ဆိုတဲ့ ဂုဏ်ပုဒ်လေးနဲ့ လူရှိန်သူရှိန်ဖြစ်အောင်လို့...

စာသာကြိုးစားစမ်းပါ ဆယ်တန်းအောင်တာနဲ့ မွေးမြူရေးခြံတစ်ခြံ အပိုင်စားဝယ်ပေးမယ်ဆိုလဲ လက်မခံဘူး..ခုဆိုခု

ကျွန်(ကျွန်) [Completed]Where stories live. Discover now