PART 39(Zawgyi)

68 4 0
                                    

ကျွန်

...39...

မနေ့က ဟိုမိန်းကလေးပြောပြလိုက်တဲ့ ရောင်ခြည်တို့မောင်နှမအကြောင်း ဧည့်ခန်းမှာ ဇိမ်ပြေနပြေထိုင်ရင်း လေးလေးနက်နက်စဉ်းစားနေသူ ဦးသာကိ

ရောင်ခြည် နှစ်ရှည်လများလိုက်ရှာနေတဲ့ သူ့ရဲ့ညီမလေးကို နွရေိပ်လွှာသာ တစ်ခြားတစ်ယောက်ဆီ မွေးစားဖို့ပေးလိုက်တာဆိုရင် အဲ့ဒီကလေးမရဲ့ မွေးစားမိဘတွေကို နွရေိပ်လွှာတော့ သိမှာအသေအချာ..

အခု သူမကလဲ ရေခြားမြေခြားမှာ ဆေးရုံတက်နေရတော့ လိုက်သွားပြီးမေးလို့ကလဲမဖြစ်...
ပြန်လာတဲ့အထိစောင့်ရမှာပဲ။

ရောင်ခြည့်အား ဖခင်အရင်းဆီကိုသာ မပေးလိုက်ချင်တာ
သူသိပ်ချစ်တဲ့ သူ့ညီမလေးနဲ့ဆုံပေးချင်တာတော့ စိတ်ရင်းအမှန်နဲ့ပါ။
မောင်နှမ နှစ်ယောက်လုံးကို တင်ကျွေးထားဖို့တော့ သူလဲ တတ်နိုင်သည်မဟုတ်လား။

ဖခင်အရင်းသာခေါ်သွားရင် ဒီတစ်သက် ပြန်တွေ့ရဖို့က မသေချာတော့ဘူးလေ။

အမွေစားအမွေခံနဲ့မွေးစားထားသော်ငြား တရားရင်ဆိုင်တဲ့အခါ သွေးသားရင်းဖြစ်သူက ထောက်ပံ့နိုင်တဲ့ပိုင်ဆိုင်မှုတွေပြနိုင်ရင် တရားခွင်နိုင်ရိုးထုံးစံရှိတာမို့ စိတ်ဓာတ်မကောင်းတဲ့သူလို့ ဆိုချင်ဆိုပါတော့...

တစ်ယောက်တည်းရှိတဲ့ အားကိုးရာလေးကို သူများလက်ထဲ ဘယ်နည်းနဲ့မှ ထည့်ပေးလိုက်မှာမဟုတ်။
အဲ့လို မပေးလိုက်ရအောင်လဲ တတ်စွမ်းသမျှ အားလုံးလုပ်မည့်သူပင်။

. . . . . . . . . .

အာ့ ကျွတ် ကျွတ်

ခြေမက ဆေးပလာစတာအား ဗျက်ကနဲခွာရင်း စပ်ဖျင်းဖျင်းခံစားချက်ကြောင့် သတိလက်လွတ် အော်ငြီးမိခြင်းပင်။

နွားချေးကြုံးနေတုန်းက ဒဏ်ရာကို ပလာစတာနဲ့သေချာဖုံးပြီး အပေါ်က ဘွတ်ဖိနပ်ရှည်ကြီးစီးပေးထားလို့သာ တော်ပေတော့သည်။
မဟုတ်လို့ကတော့ မေးခိုင်ပိုးဝင်ပြီး ရေဝေးသွားဖို့က ရာနှုန်းပြည့်သေချာသလောက်ရှိသည်။

"ကိုဝင့်ထည် ရှင်ကတော့ ဒီမှာ ဇိမ်လေးနဲ့နှပ်နေ အခု ဈေးကွက်ထဲမှာ ဘာတွေဖြစ်နေလဲရှင်သိလား"

ကျွန်(ကျွန်) [Completed]Where stories live. Discover now