PART 33(Unicode)

138 13 0
                                    

ကျွန်

...33...

ဂွက်

စားပွဲပေါ်ဆောင့်ချခံလိုက်ရသော နှစ်ဆင့်ချိုင့်လေးကြောင့် သတိကောင်းကောင်းရနေပြီဖြစ်သော ကျွန်တော် အလန့်တကြား မျက်စိဖွင့်ရင်း စားပွဲဆီလှမ်းကြည့်လိုက်သည်။

စလင်းဘတ်အိတ်ကို ညာလက်မှာချိတ်ရင်း မျက်နှာရှစ်ခေါက်ချိုးနဲ့ ဒေါ်အိမ်စည်

"အော် နိုးနေပြီပေါ့ နိုးရင်လဲ ထ လေ... ဆေးရုံမှာဇိမ်ခံရတယ်ဆိုတိုင်း ရောဂါဖြစ်နေသေးသယောင်ဆောင်မနေနဲ့ အိမ်မှာအလုပ်တွေမှ ပုံလို့"

"ခုနကမှ နိုးတာပါ"

"ဘယ်ကနိုးနိုး နိုးတာကနိုးတာပဲ...သောက်ပျင်းကောင်"

ကျွန်တော် ခေါင်းငုံ့ပြီးတော့သာ သူမ ပြောသမျှ ငြိမ်ခံဖို့ဆုံးဖြတ်လိုက်သည်။
ကျွန်တော့်လိုအစေခံက သူတို့ကို ပြန်ခံပြောခွင့်မရှိသလို
ကျွန်တော့်စကားဆိုလဲ သူတို့က စိတ်တိုစရာလို့သတ်မှတ်ထားကြသည်မဟုတ်လား...
သူတို့မိသားစု ကျွန်တော့်ကို မုန်းတီးနေကြတာဟာ ကိုဖိုးချမ်း သူတို့အပေါ် သစ္စာဖောက်ခဲ့တဲ့လုပ်ရပ်ကြောင့်မဟုတ်
ခန့်ဇေယျာဝင့်ထည်ရဲ့ ရည်းစားအဖြစ် မီဒီယာတွေရှေ့ အနမ်းခံခဲ့ရခြင်းကြောင့်သာဖြစ်သည်။

"ဆန်ပြုတ်ယူလာတယ်
ငါ့သမီးက နင့်ကိုသနားပါတယ်တဲ့ နှစ်ဆင့်ချိုင့်လေးနဲ့တော့ ထည့်ပေးလိုက်ပါအမေရယ်ဆိုလို့...ငါ့လိုသာဆို တစ်ဆင့်ချိုင့်နဲ့ပဲ ထည့်လာမှာ
ငါ့သမီးမို့လို နင်လို အစေခံကောင်အပေါ်ကို ကောင်းပေးနေသေးတယ် ကျေးဇူးကန်းမယ်မကြံနဲ့..
ရော့ အဲ့မှာ မြိုစို့"

အခုလဲ အန်တီ့သမီးယုတ်မာလို့ ကျွန်တော်ဆေးရုံတက်နေရတာပဲလေ ဒါကျတော့ အန်တီမသိဘူးမဟုတ်လား သိလဲမသိချင်ယောင်ဆောင်နေမှာပဲမဟုတ်လား

"မြိုပြီးရင် ဂျိုင့်ကိုသေချာဆေးထား ငါရွှေဆိုင်ကအပြန်ဝင်ယူမယ်"

ကျွန်တော် ခေါင်းငြိမ့်ပြတော့ သူမ ဟွန်းကနဲ မျက်စောင်းထိုးရင်း အခန်းပြင်ထွက်သွားတာမို့

သဒ်ဓါလို့မဟုတျ မသေရုံသာကျွေးလာသော ဆန်ပြုတ်ချိုင့်လေးအား ဆွဲယူကာ ဖွင့်လှပ်ပြီး သောက်ရန်ပြင်လိုက်ည်။

ကြၽန္(ကျွန်) [Completed]Where stories live. Discover now