PART 14(Zawgyi)

74 3 0
                                    

ကျွန်

...14...

"ပြောစမ်းပါဦး ကိုဝင့်ထည်..ကျွန်မသမီးအတွက် ရှင်စဉ်းစားထားတဲ့ နာမည်..."

ဒေါ်အိမ်စည့် အမေးစကားကိုဖြေပေးမည့် ဦးဝင့်ထည်အား ခန့်ခန့်ရော ကြယ်စင်ပါ စိတ်ဝင်တစား စိုက်ကြည့်နေလေတော့ ဦးဝင့်ထည် အဟမ်းကနဲ ချောင်းဟန့်လိုက်ပြီး

"ရွှန်းလဲ့အိမ်စည်....အညတရ ခေတ်လင်းကြယ်စင်ဘဝကနေ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားလာမယ့် မင်းသမီး ရွှန်းလဲ့အိမ်စည်"

ဦးဝင့်ထည်ရဲ့ ရွှန်းလဲ့အိမ်စည်ဆိုတဲ့ အမည်နာမလေးဟာ နောက်အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အချိန်မှာတော့

ဦးဝင့်ထည် ပြောကြားခဲ့သလို ရနံ့ပေါင်းစုံသင်းပျံ့ပြီး ရောင်စုံလိပ်ပြာလေးတွေ တဝဲဝဲ လည်ခြင်းခံရတဲ့ နိုင်ငံကျော် သရုပ်ဆောင်မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ချေပြီ။

ပိုးသားလိုနူးညံ့ ဖြူစင်လွန်းတဲ့အသားအရည်
မည်းမှောင်နေတဲ့ ဇင်ယော်တောင်မျက်ခုံး
ညှို့ဓာတ်အပြည့်နဲ့ သမင်မျက်လုံးတစ်စုံ
ကော့ညွတ်သွယ်ပျောင်းလှတဲ့ မျက်တောင်ရှည်တွေ
စင်းကျနေတဲ့ နှာတံသွယ်သွယ်
နှင်းဆီဖူးလို နီရဲစိုစွတ်ပြီး ဂျယ်လီလို နူးအိနေတဲ့ နှုတ်ခမ်းပါး
ပိတုံးရောင်လို နက်မှောင်ထူထည်းလှတဲ့ ဆံနွယ်ရှည်တွေနဲ့
သူ့နေရာနဲ့သူအချိုးအစားညီညီ လှပလွန်းတဲ့ခန္ဓာကိုယ်

အို...အပြစ်ဆိုလို့ မှည့်တစ်ပေါက်တောင်မရှိတဲ့ ထိုကလေးမဟာ မိဘနှစ်ပါးရဲ့မြသည်းညှာတစ်ယောက်ဖြစ်သလို

အစ်ကိုဖြစ်သူကလဲ သူမ မျက်နှာကို တစ်ချက်ကလေးမညှိုးစေရ ရေဆိုရေ ရွှေဆိုရွှေ

နောက်ဆုံး သူမ ပရိတ်သတ်တွေ ...
အထူးသဖြင့် ပုရိသယောက်ျားတွေရဲ့ တခဲနက် အားပေးထောက်ခံမှုကြောင့် အမြင့်ဆုံးမှာ တောက်ပနေတဲ့ ကြယ်တစ်ပွင့်

ဒီလိုမျိုး နတ်စည်းစိမ်နဲ့မလဲနိုင်လောက်အောင် အဆင်ပြေချောမွေ့နေတဲ့ ရွှန်းလဲ့အိမ်စည်တစ်ယောက်
ဇီးသီးသည်မဗျိုင်းလို ဘဝမေ့ရုံမက အဖေအရင်း အစ်ကိုအရင်းကိုတောင် ရှိခဲ့တယ်မထင်တော့ ဟု ဆိုရင် သူမ အလွန်မဟုတ်ဘူးမလား...

ကျွန်(ကျွန်) [Completed]Where stories live. Discover now