PART 48(Unicode)

137 13 0
                                    

ကျွန်

...48...

သူပြောတော့ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ ကိုကျွဲကြီးက နှုတ်ခမ်းလှုပ်ရုံပြုံးပြတယ်။

"Bossခိုင်းထားတဲ့အလုပ်လေးရှိလို့ပါဗျာ့"

"ကိုကျွဲကြီးက အဖေနဲ့အတူအလုပ်ပြန်လုပ်နေပြီလား"

"ဟင်း... 'မျောက်နေရာ မရ'ဖြစ်တယ်ပဲဆိုမလား ဒီလိုပဲ ရနိုင်သမျှနေရာက ဝင်ငွေရှာရတာပေါ့"

ကျွန်တော် ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း

"ဒါနဲ့ အလုပ်ကဒီအိမ်မှာလား"

မချင့်မရဲနဲ့ ထိုသို့ မေးလိုက်တယ်ဆိုရင်ပဲ

"ဟုတ်ပါတယ် မမှောင်ခင်အိမ်ပြန်ရဦးမှာမို့ ကျွန်တော် အထဲဝင်လို့ရမလား"

"ခဏနေပါဦး အဖေက ဘာအလုပ်လုပ်တာလဲ ငါ့လဲဘာမှအသိမပေးဘူး"

"အာ..အဲ့တာက... အချိန်မတန်သေးလို့ မပြောပြတာဖြစ်မှာပါ ကျွန်တော် ဝင်ပြီနော်"

အဖေ ထက်မြက်တာသိပေမယ့် လုပ်ငန်းကြီးတစ်ခုကို ဒီလောက်မြန်မြန်အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့တော့ မထင်ထားမိ....
ဘာပဲဖြစ်ဖြစ် အဖေ့လုပ်ငန်းက ဦးဝင့်ထည်နဲ့တစ်ခုခုပတ်သက်နေတာတော့ အသေအချာပင်....

. . . . . . . .

"ဘာ... ပြန်အမ်းငွေလာပေးတာ ဟုတ်လား"

ဧည့်ခန်းဆီမှအော်သံကြောင့် တစ်မိသားစုလုံး ထမင်းဆက်မစားနိုင်တော့ပဲ ချက်ချင်းဆိုသလို ဦးဝင့်ထည်နှင့် သူစိမ်းအမျိုးသားထံ လှမ်းကြည့်လိုက်ကြသည်။

"အလုပ်မှာ ပြဿနာလေးနည်းနည်းဖြစ်သွားလို့ပါ စိတ်မရှိပါနဲ့ခင်ဗျာ့"

"ဒီလိုပြောတိုင်း ငါကကြေအေးပေးစရာလား မင်းတို့သူဋ္ဌေးကို ခုပဲဖုန်းဆက်မယ်"

ပြောပြီးပြီးချင်း ဖုန်းကိုမာန်ပါပါထုတ်ကာ တစ်နေရာသို့ဆက်သွယ်လိုက်ပြီး ဒေါသတကြီး နားတွင်ကပ်လိုက်သူ ဦးဝင့်ထည်

"ဦးသာကိ ပြန်အမ်းငွေကိစ္စ ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ"

"ကျွန်တော့်ဘက်မှာ အထည်စျေးထိုးကျသွားလို့ shareတွေလျှော့လိုက်ရတာပါ
လျော်ကြေးအနေနဲ့ မူရင်းရှယ်ယာထက် နှစ်ဆပိုထည့်ပေးလိုက်ပါတယ်ဗျာ့ တကယ်တောင်းပန်ပါတယ်ဗျာ
ကျွန်တော်လဲ ဘယ်လိုမှ မတတ်သာလို့ပါ"

ကြၽန္(ကျွန်) [Completed]Where stories live. Discover now