PART 53(Unicode)

122 14 0
                                    

ကျွန်

...53...

ငေါက်ဆို ကြောင်တောင်တောင်လေးမော့ကြည့်လာတဲ့ ယုဟူ

ခဏစဥ်းစားဟန်ပြုကာ ငြိမ်နေပါသေးရဲ့....
နောက်တော့ အထာပေါက်သွားသည်ထင်

သူ့လက်ဝါးကြီးနဲ့ ကျောကုန်းကိုရိုက်ထည့်လိုက်တာ မဖဲဝါကတောင် အမေခေါ်ရလောက်တယ်...
လက်သံပြောင်ချက်ကလဲ စိန်ဒူးဝါးနဲ့နင်လားငါလား...

ဒီလိုမျိုး အမေကြမ်းလို နင့်ပုံစံကိုယူတဲ့သူရှိရင် ထိုင်ပါရှိခိုးလိုက်ဦးမယ်သိလား....... ဟမ့် မိကြမ်းစိန်မ....

"အာ့လားလား နာတယ်ဟ ....
နင်အက်လိုကြမ်းတမ်းလို့ ယူမယ့်သူမရှိပဲ ခုချိန်ထိအပျိုကြီးဖြစ်နေတာ ...
ဒီလိုသာကြပ်ကြပ်လုပ် သေရင် ငှက်ပျောတုံးဖက်နေရမယ်..."

အရိုက်ခံရတဲ့နေရာအား မမှီတမှီပွတ်ကာ မျက်စောင်းတထိုးထိုးနဲ့ပြောတော့ ယုဟူက မျက်စောင်းကြီးခဲ အံကြီးကြိတ်ပြီး ထပ်ရိုက်ဟန်ပြင်လိုက်တာမို့ ဆတ်ကနဲ နောက်ပြန်ဆုတ်လိုက်ရသေးသည်။

"နင့်ပြောပုံကိုလဲကြည့်ဦးလေ ဒီ့ထက်တောင်ပိုရိုက်ရဦးမှာ..ခွေးကောင်ရောင်ခြည်
သူများလင်မှ သွားကြိုက်ရလောက်အောင်ထိ ငါ့မှာအက်လောက် ယောက်ျားရှားမနေဘူး
နင့်အဖေဆို ပိုတောင်ဆိုးသေးတယ် နောက်တစ်ခါ အက်လိုမတော်တရော်တွေးကြည့် အသက်ဘယ်အပေါက်ကထွက်မှန်းမသိအောင်ကို နားရင်းပိတ်တီးပစ်မယ်"

"အော့်ဟော့် ကြောက်လိုက်တာ မမယုဟူရယ်
အသားတွေပါ တဆတ်ဆတ်တုန်နေပါပြီ"

သူ့ကိုကြောက်သလို ဟန်ဆောင်ကာ မူပိုပြတော့ တဝှီးဝှီးပစ်ထိုးလာတဲ့ မျက်စောင်းတွေက ဝယ်ရမယ်ဆို မီလီယမ်နှင့်ချီပြီးတောင် ပေးရလောက်လေသည်။

"ဒီနှစ်ယောက်ဘာဖြစ်နေကြတာလဲ မျက်နှာတွေလဲပုပ်သိုးလို့"

အနားရောက်လာတဲ့ ကိုဖိုးချမ်း...

"မပြောချင်တော့ဘူး လေးလေးရေ အဲ့ကောင်ကိုသာမေးကြည့်တော့"

ပြောလဲပြော ကျွန်တော်ရှိရာဆီလဲ မျက်စောင်းတစ်ချက်ထိုးကာ ဂေဟာထဲဝင်ဖို့ ပြင်လိုက်တဲ့ ယုဟူအား...

ကြၽန္(ကျွန်) [Completed]Where stories live. Discover now