PART 8(Unicode)

172 17 0
                                    

ကျွန်

...8...

ဒေါက် ဒေါက် ဒေါက်

ကျွန်တော် ကိုဖိုးချမ်းအခန်းတံခါးကို သုံးချက်မျှဆင့်ခေါက်ပြီး လာဖွင့်ပေးခြင်းကိုမစောင့်ပဲ တံခါးဖွင့်ဝင်လိုက်တော့

ကုတင်ပေါ် ကွေးကွေးလေးအိပ်လို့ ဖြူဖပ်ဖြူလျော်ဖြစ်နေတဲ့ ကိုဖိုးချမ်းကို အရံသင့်တွေ့လိုက်ရသည်။

"သက်သာရဲ့လား ကိုဖိုးချမ်း တော်တော်နာနေသေးလား"

ကုတင်ဘေးစွန်းပေါ်သွားထိုင်လို့ စောင်ဖျားလေးကို ကိုဖိုးချမ်းပုခုံးပေါ်ဆွဲတင်ပေးရင်း

ကျွန်တော်ထိုသို့ပြောလေတော့ ကျွန်တော့်အသံကိုကြားသည်ထင်ပါ့ ခပ်ရေးရေးဖွင့်ကြည့်လာတဲ့ ကိုဖိုးချမ်းမျက်ဝန်းလေးတွေဟာ နွမ်းလျလို့...

"ရောင်ခြည်ပြန်ရောက်ပြီလား ...
အင်း..ကျွတ်...ကျွတ်...တစ်ကိုယ်လုံးကအရိုးတွေလဲ လှုပ်လိုက်တာနဲ့ ကျိုးတော့မယ့်အတိုင်းပဲ"

ကိုဖိုးချမ်းအိပ်ခန်းဟာ မီးဖိုဆောင်နဲ့ ဘေးချင်းကပ်လျက်မို့...ကျွန်တော် မီးဖိုခန်းဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး

"ကိုဖိုးချမ်းဒီလောက်ခံစားနေရတာတောင် ဟိုလူကြီးက ထမင်းဟင်းချက်ခိုင်းနေသေးတယ်ဆို"

ကျွန်တော်ကို ခေါင်းငြိမ့်ပြရင်း...

"အစ်ကိုကလွဲပြီး ဖြစ်ဖြစ်မြောက်မြောက်ချက်နိုင်သူမှမရှိပဲ...အစ်ကိုမလုပ်လို့ ဘယ်သူလုပ်မှာလဲ"

"ဒီပုံစံနဲ့ ချက်ဦးမလို့လား ခေါင်းတောင်မထောင်နိုင်ပဲနဲ့လေ"

ကျွန်တော် ပြောတော့ ကိုဖိုးချမ်းဟာ ကြမ်းပြင်ကိုငေးကြည့်ရင်း မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ တိုးညှင်းညှင်းပြောရှာတယ်

"ဘယ်တတ်နိုင်ပါ့မလဲ"တဲ့

ကျွန်တော် သက်ပြင်းရှည်ကြီးချလိုက်ပြီး

"ဒီနေ့အစ်ကို နားလိုက်..ကျွန်တော် အစ်ကို့အစားချက်ပေးမယ်...ဟိုလူကြီးမေးရင်တော့ ကိုဖိုးချမ်းချက်တာလို့ပဲပြောပေါ့"

ကြၽန္(ကျွန်) [Completed]Where stories live. Discover now