1▪︎𝐒𝐢𝐥𝐞𝐧𝐭 𝐇𝐞𝐚𝐫𝐭

1.3K 103 6
                                    

[ Unicode ]

တစ်သီးတစ်ခြားတည်ရှိနေသောပတ်ခ်အိမ်တော်သည်တိတ်ဆိတ်နေသောပတ်ဝန်းကျင်အလယ်တွင်ခမ်းနားထည်ဝါစွာတည်ရှိနေသည်။ ထိုအိမ်တော်ရှိအခန်းများစွာအနက်အခန်းတစ်ခန်းမှ ကြင်ဦးစမဟုတ်သောသူတို့နှစ်ယောက်ရဲ့စကားများရန်ဖြစ်သံတွေကပတ်ဝန်းကျင်သတိထားမိနိုင်သည်အထိမကျယ်လောင်သော်လည်းထိုအိမ်ကြီးထဲတွင်တော့ပဲ့တင်ထပ်နေသည်...။

" ပြောစမ်းပါအုံး ကလေးတစ်ယောက်လုံးကိုအိမ်မှာထားခဲ့ပြီးအပျိုထွက်လုပ်နေတာတော်တော်မှပျော်ခဲ့ရဲ့လား "

" အွန်း အပြင်မထွက်ရတာကြာတော့နည်းနည်းတော့လန်းဆန်းသွားသလိုပဲ... "

" ဘာ! ဒါမင်းပြောရမယ့်စကားလား...။မှန်မှန်ပြောစမ်းမင်းဘယ်တွေသွားနေတာလဲ...? "

ခက်ထန်ထန်ပြန်ကြည့်လာတဲ့သူမမျက်နှာကတကယ်စိတ်တိုစရာကောင်းသည်။

" ကျွန်မဘယ်သွားလဲကအစလိုက်ပြောနေရအုံးမှာလား...ရှင်ဘယ်သွားလဲရောတစ်ခါမေးဖူးလို့လား "

" မမေးဖူးဘူး။အေး မေးစရာလည်းမလိုဘူး။ငါမဟုတ်တာဘာတစ်ခုမှမလုပ်ထားဘူး "

" ကျွန်မကရောအခုမဟုတ်တာလုပ်နေလို့လား "

" မင်းငါ့ကိုတစ်ခွန်းမကျန်အာမခံနဲ့...ဒီနေ့ကမင်းမှားတာ ဖုန်းမဆက်အကြောင်းမကြားဘဲအိမ်မှာကလေးကိုတစ်ယောက်တည်းပစ်ထားခဲ့တာ မင်းမှာမိခင်စိတ်မရှိတော့ဘူးလား "

သူပြောနေတာကိုဂရုမစိုက်သည့်အလား အဝတ်လဲပြီးခေါင်းအေးဆေးဖြီးနေသောကြောင့်စိတ်ကထိန်းမရတော့...။
လက်မောင်းကနေပြန်ဆွဲကာမျက်နှာချင်းပြန်ဆိုင်စေတော့မျက်မှောင်ကြုံ့ပြီးပြန်ကြည့်လာတဲ့သူမကဘာတွေကြောင့်အဲ့လောက်တောင်သတ္တိရှိနေရတာလဲ...။

" မင်းမရှိရင်သားကမနေတတ်တာမင်းသိသားနဲ့ ကလေးကိုတစ်ယောက်တည်းထားခဲ့ရလား "

အာမခံပဲတိတ်နေတော့လည်းရန်ထပ်စနေတာ...တကယ်ပဲ သူဘာဖြစ်ချင်နေတာလဲ?

" တစ်ယောက်တည်းမထားခဲ့ပါဘူး ၊
အိမ်တော်ထိန်းလီနဲ့ထားခဲ့တာလေ သူကဘယ်ရောက်သွားလို့လဲ.. "

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Όπου ζουν οι ιστορίες. Ανακάλυψε τώρα